Trending Now

ထိုင်းနိုင်ငံစာရင်းအရ ထိုင်းပို့ကုန်တန်ဖိုးနှင့် မြန်မာ့သွင်းကုန်တန်ဖိုး ကွာဟချက်ရှိနေသည့်အတွက် တစ်နှစ်အတွင်း တရားမဝင် ကုန်သွယ်မှုများဖြစ်သည်ဟု သုံးသပ်ရကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြောကြား

Spread the love

ထိုင်းနိုင်ငံစာရင်းအရ ထိုင်းပို့ကုန်တန်ဖိုးနှင့် မြန်မာ့သွင်းကုန်တန်ဖိုး ကွာဟချက်ရှိနေသည့်အတွက် တစ်နှစ်အတွင်း တရားမဝင် ကုန်သွယ်မှုများဖြစ်သည်ဟု သုံးသပ်ရကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြောကြား

EPN
မြစ်ကြီးနား၊ ဇူလိုင် ၂၈

ထိုင်းနိုင်ငံစာရင်းအရ ထိုင်းပို့ကုန်တန်ဖိုးနှင့် မြန်မာ့သွင်းကုန်တန်ဖိုး ကွာဟချက်ရှိနေသည့်အတွက် တစ်နှစ်အတွင်း တရားမဝင် ကုန်သွယ်မှုများဖြစ်သည်ဟု သုံးသပ်ရကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၃) တွင် ပြောကြားခဲ့သည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေး(၄/၂၀၂၃) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ – ထိုင်း နှစ်နိုင်ငံ ကုန်သွယ်မှု ၂၀၂၂ ခုနှစ်၊ မေလမှ ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ စာရင်းတွင် ထိုင်းနိုင်ငံစာရင်းအရ ထိုင်းပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ (၂ ဒဿမ ၉၃၂) ဘီလီယံဖြစ်ပြီး မိမိတို့ဘက်က စာရင်းအရ သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁ ဒဿမ ၂၉၃) ဘီလီယံဖြစ်၍ အမေရိကန်ဒေါ်လာ(၁ ဒဿမ ၆၃၉) ဘီလီယံ ကွာခြားနေသည့်အတွက် ၎င်းသည် တစ်နှစ်အတွင်း တရားမဝင် ကုန်သွယ်မှုများ ဖြစ်သည်ဟု သုံးသပ်ရကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

၎င်းအပြင် ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် သယံဇာတများကို တရားမဝင်တူးဖော်သည့် ဘက်ဟိုးယန္တရား (၅၇) စီး၊ ခန့်မှန်းတန်ဖိုး ကျပ် (၄ ဒဿမ ၅၃၁) ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ တရားမဝင်သစ်မျိုးစုံ အမှုတွဲ (၁၄၆၂) မှု၊ ခန့်မှန်းတန်ဖိုး ကျပ် (၄ ဒဿမ ၄၂၁) ဘီလီယံ ဖမ်းဆီးရမိခဲ့ပြီး၊ ဖမ်းဆီးရမိမှု စုစုပေါင်း၏(၃ ဒဿမ ၄၈) ရာခိုင်နှုန်း ဖြစ်ကြောင်း၊ သို့သော် နိုင်ငံအတွင်း သယံဇာတပစ္စည်းများ တရားမဝင်ထုတ်လုပ်နေမှု များသည် ရှိနေဆဲပင်ဖြစ်ကြောင်း၊ ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များ အနေဖြင့် နိုင်ငံ၏ သယံဇာတပစ္စည်းများ တရားမဝင်ထုတ်လုပ်မှုကိုလည်း ထိထိရောက်ရောက် တားဆီး၊ စစ်ဆေးအရေးယူကြရန် လိုအပ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးဝင်းရှိန်နှင့် ဦးအောင်နိုင်ဦး ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အခွန်အယူခံ ခုံအဖွဲ့ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဋ္ဌများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။

ဆာကူရာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။