Trending Now

ယင်းမာပင် ခရိုင်စုပေါင်းရုံးကို အကြမ်းသမားတွေက အဝေးကနေ လက်လုပ်စိန်ပြောင်းတွေ ပစ်ခတ်တိုက်ခိုက်ပေမယ့် ထိခိုက်ပျက်စီးမှု မရှိ

Spread the love

ယင်းမာပင် ခရိုင်စုပေါင်းရုံးကို အကြမ်းသမားတွေက အဝေးကနေ လက်လုပ်စိန်ပြောင်းတွေ ပစ်ခတ်တိုက်ခိုက်ပေမယ့် ထိခိုက်ပျက်စီးမှု မရှိ
EPN
ယင်းမာပင် ၊ ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့ ၊ ယင်းမာပင် ခရုိင်စုပေါင်းရုံးဝန်းကို အကြမ်းဖက်သမားတွေက အခုလ ၁၂ ရက် ၊ ည ၇ နာရီကျော်အချိန်က အဝေးကနေ လက်လုပ်စိန်ပြောင်း ၊ လက်လုပ်သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် စုပေါင်းရုံး အသိုင်းအဝိုင်းထံက သိရပါတယ်။
” ခရိုင်စုပေါင်းရုံးဝန်းကို အဝေးကနေ ပစ်ခတ်တာပါ ၊ ည ၇ နာရီဝန်းကျင်မှာ ရုံးဝန်းတောင်ဘက် မီတာ တစ်ထောင်လောက်ကနေ စပစ်တယ် ၊ ည ၉ နာရီလောက္မှာ ရုံးဝန်းမြောက်ဘက် ၁ မိုင်လောက်က ရွာထောင်ကျေးရွာဘက်ကနေ လှမ်းပစ်တယ် ၊ ထိခိုက်ပျက်စီးတာ ၊ လူတွေ ဒဏ်ရာရ သေဆုံးတာ ဘာတခုမှ မရှိဘူး ” လို့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
ဒါ့အပြင် အဲ့ဒီ စုပေါင်း ခရိုင်ရုံးဝန်းမှာ လုံခြုံရေး တာဝန်ကျနေတဲ့ အဖွဲ့က လိုက်လံရှင်းလင်းတဲ့အခါ အကြမ်းဖက်သမားတွေဟာ ဆုတ်ခွာပြေးသွားပြီး သူတို့အသုံးပြုတဲ့ လက်လုပ်စိန်ပြောင်း ၆ လက်ကို လုံခြုံရေးအဖွဲ့က သိမ်းဆီးရခဲ့တယ်လို့ သိရပါတယ်။
သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။