Trending Now

ပူတာအိုခရိုင်၌ ကျောင်းသား၊ ကျောင်းသူများ ဟောပြောပွဲ၊ စာဖတ်စွမ်းရည်နှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

Spread the love

ပူတာအိုခရိုင်၌ ကျောင်းသား၊ ကျောင်းသူများ ဟောပြောပွဲ၊ စာဖတ်စွမ်းရည်နှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

EPN
ပူတာအို၊ ဧပြီ ၁၁ (၂၀၂၄)

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၌ ကျောင်းသား၊ ကျောင်းသူများ အားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် နုတ်မှုစွမ်းရည်များ မြင့်မားလာစေရန်အတွက် ဟောပြောပွဲ၊ စာဖတ်စွမ်းရည်နှင့် ကဗျာရွတ်ပြိုင်ပွဲကို ဧပြီ ၁၀ရက်နေ့၊ နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာ က “လမြတ်တန်ခူး” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး၊ ကဗျာရွတ်ပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်း သား၊ ကျောင်းသူ (၁၀)ဦးတို့က ဆရာဇော်ဂျီ၏ ကဗျာများဖြစ်သည့် သင်္ကြန်မိုး၊ သင်္ကြန်လက်ဆောင်၊ သင်္ကြန်အခါ၊ အတာသင်္ကြန် စသည့်ခေါင်းစဉ်များဖြင့်လည်းကောင်း၊ စာဖတ်စွမ်း ရည်ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၅)ဦးတို့က ဧပြီလ ၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ အယ်ဒီ့တာအာဘော်မှ “ ၁၂ လရာသီကူး သာယာကြည်နူးနှစ်သစ်ဦး ” ခေါင်းစဉ်ဖြင့်လည်းကောင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ယင်းနောက် ခရိုင်ဦးစီးမှူးနှင့် အကဲဖြတ် အမှတ်ပေးဒိုင်ဆရာမများက ကဗျာရွတ်ပြိုင်ပွဲနှင့် စာဖတ်စွမ်း ရည်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ် ချီးမြှင့်ကြပြီး၊ အခမ်းအနားတက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် အေးချမ်းသာယာ ပြည်မြန်မာ ဓာတ်ပုံပြပွဲ၊ မူးယစ်ဆေးဝါး၊ သဘာဝဘေးနှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မနောဧကရီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။