Trending Now

အနောက်နိုင်ငံတွေရဲ့ စိုးရိမ်မှုတွေအောက်မှာ အီရန်ဂြိုဟ်တုကို ရုရှားက လွှတ်တင်

Spread the love

အနောက်နိုင်ငံတွေရဲ့ စိုးရိမ်မှုတွေအောက်မှာ အီရန်ဂြိုဟ်တုကို ရုရှားက လွှတ်တင်

EPN
နိုင်ငံတကာ၊ သြဂုတ် ၉

အီရန်ဂြိုလ်တုကို သယ်ဆောင်ထားတဲ့ ရုရှားဒုံးကျဉ်ဟာ ကာဇက်စတန်ကနေ အင်္ဂါနေ့အစောပိုင်းက လွှတ်တင်ခဲ့ပြီး ယူကရိန်းမှာရှိတဲ့ စစ်ဘက်ဆိုင်ရာပစ်မှတ်တွေကို ထောက်လှမ်းနိုင်ရေးအတွက် မော်စကိုက အီရန်ဂြိုလ်တုကို အသုံးပြုနိုင်တယ်လို့ အငြင်းပွားမှုတွေကြားမှာပဲ အာကာသထဲကို အောင်မြင်စွာ လွတ်တင်ခဲ့ပါတယ်။

Khayyam လို့ခေါ်တဲ့ ဂြိုဟ်တုကို ကာဇက်စတန်တောင်းပိုင်မှာရှိတဲ့ ရုရှားအာကာသ လွတ်တင်ရေးစခန်းကနေ အင်္ဂါနေ့ နံနက် ၈ နာရီ ၅၂ နာရီ အချိန်မှာလွတ်တင်ခဲ့တာလို့ ကာဇက်စတန်အာကာသယာဉ်ကုမ္ပဏီ Baikonur Cosmodrome က ဗီဒီယိုမှတ်တမ်းတစ်ခုအရ သိရပါတယ်။

ရုရှား နဲ့ အီရန်တို့ကြား အာကာသ ပူးပေါင်းဆောင်ရွက်မှုအပေါ် အမေရိကန်တာဝန်ရှိသူတွေက စိုးရိမ်ပူပန်နေကြောင်း ဝါရှင်တန်ပို့စ်က ပြီးခဲ့သည့်သီတင်းပတ်အတွင်းမှာ ဖော်ပြခဲ့ပြီး ဂြိုဟ်တုဟာ ယူကရိန်းစစ်ပွဲအတွက် ရုရှားကို ကူညီနိုင်ရုံသာမကဘဲ အီရန်အတွက် အစ္စရေးနဲ့ အရှေ့အလယ်ပိုင်းက အလားအလာရှိတဲ့ စစ်ရေးပစ်မှတ်တွေကို စောင့်ကြည့်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

ယူကရိန်းစစ်ပွဲအတွင်းမှာ ရုရှားက ဂြိုလ်တုကိုအသုံးပြုနိုင်မှာ မဟုတ်ဘူးလို့ အီရန်က ငြင်းဆိုထားပြီး ဂြိုလ်တုကို လွတ်တင်တဲ့နေ့က စတင်ပြီး အီရန်နိုင်ငံကသာ အပြည့်အဝထိန်းချုပ်လုပ်ဆောင်သွားမယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။ ဂြိုလ်တုမှာ အသုံးပြုထားတဲ့ ကုဒ်ဝှက် အယ်လဂိုရီသမ် ကြောင့် ဂြိုလ်တုက ပေးပို့တဲ့အချက်အလက်တွေကို တခြားနိုင်ငံက ရယူနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အဆိုပါ ဂြိုလ်တုကို စိုက်ပျိုးရေးဆိုင်ရာ ရည်ရွယ်ချက်များအတွက် ဓာတ်ရောင်ခြည် နဲ့ ပတ်ဝန်းကျင် စောင့်ကြည့်ခြင်းအပါအဝင် သိပ္ပံနည်းကျ သုတေသနအတွက် ဒီဇိုင်းထုတ်ထားတာဖြစ်တယ်လို့ အီရန်က ပြောဆိုထားပါတယ်။

ရုရှားဟာ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ယူကရိန်းကို စစ်ဆင်ရေးလုပ်ဖို့ အမိန့်ပေးခဲ့ပြီးနောက်ပိုင်း အီရန်နဲ့ ဆက်ဆံရေးနက်ရှိုင်းအောင် ကြိုးပမ်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလှိုင်လမှာပဲ သမ္မတ ဗလာဒီမာပူတင်က သူ့ရဲ့ ပထမဆုံး နိုင်ငံတကာ ခရီးစဉ်မှာ အီရန်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။

အဲ့ဒီခရီးစဉ်အတွင်းမှာ အီရန်ရဲ့ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ က အီရန်နဲ့ ရုရှားဟာ အနောက်အုပ်စုတွေရဲ့ လည့်ဖြားမှုကို သတိပြုဖို့ လိုအပ်တယ်လို့ ရုရှားသမ္မတ ပူတင်ကို ပြောကြားခဲ့ပါတယ်။

Source – ရိုက်တာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။