Trending Now

မြစ်ကြီးနားမြို့ စံပြရပ်ကွက်တွင် အမျိုးသမီးတစ်ဦး လည်ပင်ညစ်ပြီး ဆိုင်ကယ်လုယက်ခံရ

Spread the love

မြစ်ကြီးနားမြို့ စံပြရပ်ကွက်တွင် အမျိုးသမီးတစ်ဦး လည်ပင်ညစ်ပြီး ဆိုင်ကယ်လုယက်ခံရ

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စံပြမူလတန်းကျောင်းနဲ့ ဘောလုံးကွင်းအရှေ့မှာ ယမန်နေ့ ည ၈ နာရီခွဲအချိန်ခန့်က အမျိုးသမီးတယောက် လည်ပင်းညှစ်ခံရပြီး ဆိုင်ကယ် နဲ့ ပါလာတဲ့ ပစ္စည်းတွေအကုန် အလုခံလိုက်ရတယ်လို့ ဆိုင်ကယ်ပိုင်ရှင်ဖြစ်သူ အမျိုးသမီးထံက သိရပါတယ်။

လည်ပင်းညှစ်ပြီး ပစ္စည်းအလုခံရတဲ့ အမျိုးသမီးအနေနဲ့ သူမရဲ့ နေအိမ်ကိုပြန်လာစဉ် လမ်းမှာ နောက်ယောင်ခံလိုက်လာတဲ့ 125 ဆိုင်ကယ်နဲ့ အမျိုးသားနှစ်ဦးကို မသင်္ကာဖွယ် တွေ့ရှိရတဲ့အတွက် မုန့်ဆိုင်ထဲဝင်ကာ အခြေအနေစောင့်ကြည့်ပြီးမှ အိမ်ကို ပြန်ခဲ့ပေမယ့် အိမ်နားအရောက်မှာ ဆိုင်ကယ်ရှေ့က ပိတ်ရပ်ပြီး ပါလာတဲ့ပစ္စည်းတွေ လုယက်ခံလိုက်ရတာဖြစ်ပါတယ်။

” နောက်ကလိုက်လာတာရိပ်မိလို့ သူငယ်ချင်းက မုန့်ဆိုင်ထဲဝင်ပီး နဲနဲစောင့်ကျိပီးမှပြန်တာ အိမ်လမ်းထောင့်ရောက်တော့ ရှေ့ကပိတ်ရပ်ပီး လည်ပင်းညစ်ခံလိုက်ရတာ လည်ပင်းညစ်ခံနေရချိန်မှာပဲ ပစ္စည်းတွေအကုန်ယူဖို့ပြောနေကျတယ်လို့ပြောတယ်သူက မေ့ဟန်ဆောင်နေလိုက်မှ ပစ္စည်းတွေယူပီးပြေးသွားကြတာ” လို့ ဆိုင်ကယ်ပိုင်ရှင်ဖြစ်သူက ပြောပါတယ်။

ဆိုင်ကယ်လုခံရတာနဲ့ပတ်သက်ပြီး လတ်တလောမှာတော့ သက်ဆိုင်ရာကို အကြောင်းကြားထားပြီး အလုခံရတဲ့ ဆိုင်ကယ်ကို လာရောက်ရောင်းချခဲ့ရင် အကူအညီပေးဖို့ အကြောင်းကြားပေးဖို့ပြောဆိုထားပါတယ်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။