Trending Now
Spread the love
EPN
မြစ်ကြီးနား၊ ဧပြီ ၂၄
ကချင်​​​ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ငှက်ဖျားရောဂါတိုက်ဖျက်​​ရေး လုပ်ငန်းများကို ၂၀၁၁ခုနှစ်မှ စတင်ကာ ပြည်ပအဖွဲ့အစည်းများဖြစ်သည့် GLOBAL FUND၊ INGO၊ NGO စသည့် အဖွဲ့အစည်းများနှင့် ထိရောက်စွာ ပူးပေါင်ဆောင်ရွက်ခဲ့သဖြင့် ယခုကဲ့သို့လျော့နည်းကျဆင်းလာရခြင်းဖြစ်​​ကြောင်း ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရောဂါပိုးမျိုးသယ်ဆောင်သော ပိုးမွားများမှ တဆင့် ကူးဆက်ရောဂါများ ကာကွယ်နှိမ်နင်းရေးအဖွဲ့မှ လက်​​ထောက်ညွန်ကြားရေးမှူး ဒေါက်တာဇော်ရိန်က ဆိုသည်။ 
ဤသို့ပူးပေါင်ဆောင်ရွက်မှုကြောင့် ကချင်ပြည်နယ်၏ ငှက်ဖျားရောဂါဖြစ်ပွားမှုကျဆင်းလာမှုနှုန်းမှာ ၂၀၁၂ခုနှစ်တွင် ၅၇၀၀၀ဦးကျော်၊၂၀၁၃ ခုနှစ်တွင် ၄၂၀၀၀ဦးကျော်၊၂၀၁၄ခုနှစ်တွင် ၂၄၀၀၀ဦးကျော်၊၂၀၁၅ခုနှစ်တွင် ၁၉၀၀၀ဦးကျော်၊ ၂၀၁၆ခုနှစ်တွင် ၁၁၀၀၀ဦးကျော်၊၁၀၁၇ခုနှစ်တွင် ၇၀၀၀ဦးကျော်အထိလျော့နည်းလာပြီး ၂၀၁၈ခုနှစ်တွင် ၄၀၀၀ဦးကျော်အထိလျော့နည်းကျဆင်းသွားကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနရုံးမှ သိရသည်။ 
ကချင်ပြည်နယ်တွင် ငှက်ဖျားရောဂါဖြစ်သွားမှုနှုန်းအများဆုံးမြို့နယ်မှာ ဝိုင်မော်မြို့နယ်နှင့် ဗန်မော်မြို့နယ်တို့ဖြစ်​​ကြောင်းသိရပြီး ငှက်ဖျားရောဂါတိုက်ဖျက်​​ရေးလုပ်ငန်းကို အမျိုးသားရေးလုပ်ငန်းတစ်ရပ်နေဖြင့် မြန်မာတစ်နိုင်ငံလုံး၌ ၂၀၃၀ခုနှစ်အတွင်းတွင်​​ ဒေသငှက်ဖျားရောဂါဖြစ်ပွားမှုကို ပပျောက်သွားအောင်​​ဆောင်ရွက်သွားမည်ဖြစ်​​ကြောင်းသိရသည်။ 
လွမ်အောင်
————————————————–
ကချင်ပြည်နယ်တွင် ယခင်နှစ်များထက် ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်း ပိုမိုလျော့နည်းလာကြောင်းသိရ
EPN
မြစ်ကြီးနား၊ ဧပြီ ၂၄
ကချင်ပြည်နယ်တွင် ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းမှာ ယခင်နှစ်များကထက်ပိုမို၍ လျော့နည်းကျဆင်းလာကြောင်း ကချင်ပြည်နယ်ငှက်ဖျားရောဂါတိုက်ဖျက်ရေးဦးစီးဌာနမှ သိရသည်။
ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေး လုပ်ငန်းများကို ၂၀၁၁ခုနှစ်မှ စတင်ကာ ပြည်ပအဖွဲ့အစည်းများဖြစ်သည့် GLOBAL FUND၊ INGO၊ NGO စသည့် အဖွဲ့အစည်းများနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ခဲ့သဖြင့် ယခုကဲ့သို့လျော့နည်းကျဆင်းလာရခြင်းဖြစ်ကြောင်း ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရောဂါပိုးမျိုးသယ်ဆောင်သော ပိုးမွားများမှ တဆင့် ကူးဆက်ရောဂါများ ကာကွယ်နှိမ်နင်းရေးအဖွဲ့မှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာဇော်ရိန်က ဆိုသည်။
“အဓိကတော့ကျွန်တော်တို့အထောက်အပံ့တွေများများရလာတာပေါ့၊ ဒီလိုအထောက်အပံများများရလာတော့ ကျွန်တော်တို့ကျေးလက်ဒေသတွေကို ငှက်ဖျားရောဂါ အဖြစ်များတဲ့နေရာတွေမှာ ဆေးခြင်ထောင်ဖြန့်ဝေတာတွေ၊ ဆေးပစ္စည်းထောက်ပံ့တာတွေ၊ ငှက်ဖျားပိုးစစ်ဆေးကုသတာတွေပိုမိုလုပ်ဆောင်နိုင်ခဲ့တယ်။”ဟု ဒေါက်တာဇော်ရန်က ပြောသည်။
ဤသို့ပူးပေါင်းဆောင်ရွက်မှုကြောင့် ကချင်ပြည်နယ်၏ ငှက်ဖျားရောဂါဖြစ်ပွားမှုကျဆင်းလာမှုနှုန်းမှာ ၂၀၁၂ခုနှစ်တွင် ၅၇၀၀၀ဦးကျော်၊၂၀၁၃ ခုနှစ်တွင် ၄၂၀၀၀ဦးကျော်၊၂၀၁၄ခုနှစ်တွင် ၂၄၀၀၀ဦးကျော်၊၂၀၁၅ခုနှစ်တွင် ၁၉၀၀၀ဦးကျော်၊ ၂၀၁၆ခုနှစ်တွင် ၁၁၀၀၀ဦးကျော်၊၁၀၁၇ခုနှစ်တွင် ၇၀၀၀ဦးကျော်အထိလျော့နည်းလာပြီး ၂၀၁၈ခုနှစ်တွင် ၄၀၀၀ဦးကျော်အထိ လျော့နည်းကျဆင်းသွားကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနရုံးမှ သိရသည်။
ကချင်ပြည်နယ်တွင် ငှက်ဖျားရောဂါဖြစ်သွားမှုနှုန်းအများဆုံးမြို့နယ်မှာ ဝိုင်းမော်မြို့နယ်နှင့် ဗန်းမော်မြို့နယ်တို့ဖြစ်ကြောင်းသိရပြီး ငှက်ဖျားရောဂါတိုက်ဖျက်ရေးလုပ်ငန်းကို အမျိုးသားရေးလုပ်ငန်းတစ်ရပ်အနေဖြင့် မြန်မာတစ်နိုင်ငံလုံး၌ ၂၀၃၀ခုနှစ်အတွင်းတွင် ဒေသငှက်ဖျားရောဂါဖြစ်ပွားမှုကို ပပျောက်သွားအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
 လွမ်းအောင်
Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။