Trending Now

ဘီဟာပြည်နယ်တွင် မိုးကြိုးပစ်မှုများကြောင့် တစ်ရက်အတွင်း လူ ၂၀ ဦး သေဆုံး

Spread the love

ဘီဟာပြည်နယ်တွင် မိုးကြိုးပစ်မှုများကြောင့် တစ်ရက်အတွင်း လူ ၂၀ ဦး သေဆုံး

EPN
နိုင်ငံတကာ၊ ဇူလိုင် ၅

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်တွင် ပြီးခဲ့စော ၂၄ နာရီအတွင်း မိုးကြိုးပစ်ခတ်မှုများကြောင့် လူ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ယနေ့ ပြောကြားလိုက်သည်။

လူသေဆုံးမှုများက ခရိုင်လေးခုတွင် ဖြစ်ပွားခဲ့ကြောင်း ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်ကလည်း ဘီဟာပြည်နယ်၌ မိုးကြိုးပစ်ခတ်မှုများကြောင့် လူရှစ်ဦး သေဆုံးခဲ့ ရာ မိုးကြိုးဘေးသင့် သေဆုံးသူဦးရေမှာ ၆၅ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။

ထို့အပြင် ပြီးခဲ့သောအပတ်က ဘီဟာပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုများ၊ မိုးကြိုးပစ်မှုများကြောင့် လူ ၈၃ ဦး သေဆုံးခဲ့သေးသည်။

သေဆုံးသူများမှာ လယ်ကွင်းများ၌ အလုပ်လုပ်ကိုင်နေချိန် သို့မဟုတ် သစ်ပင်များအောက် ခိုလှုံနေချိန် မိုးကြိုးပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း အဆိုပါဌာနမျ တာဝန်ရှိသူများက ဆိုသည်။

ရာသီဥတုဆိုးရွားနေချိန် ဂရုစိုက်ကြရန်နှင့် မိုးကြိုးပစ်ချိန်များတွင် အပြင်မထွက်ကြရန် တာဝန်ရှိသူများ က ဒေသခံပြည်သူများသို့ တိုက်တွန်းခဲ့သည်။

ရာသီဥတုဆိုးရွားနေချိန်တွင် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ထားသော ကြိုတင်ကာကွယ် ရေး အစီအမံများကို တိကျစွာ လိုက်နာကြရန် ၄င်းတို့က ပြည်သူများသို့ တောင်းဆိုခဲ့သည်။

လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံ၌ အနောက်တောင်မုတ်သုံလေ တိုက်ခတ်နေမှုကြောင့် ဒေသအများစုတွင် မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိရာ ရေကြီးရေလျှံမှုများ ဖြစ်ပွားလာနိုင်သည်။

–ကိုးကား–
ဆင်ဟွာ
Ref; Lightning, thunderstorm kill 20 in India’s Bihar


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။