Trending Now

သြစတြေးလျကမ်းခြေတွင် ချုံပုတ်မီးကြောင့် လူထောင်နဲ့ချီပိတ်မိနေ

Spread the love

သြစတြေးလျကမ်းခြေတွင် ချုံပုတ်မီးကြောင့် လူထောင်နဲ့ချီပိတ်မိနေ
EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၁

သြစတြေးလျအရှေ့တောင်ပိုင်းမှာ ဒီဇင်ဘာ ၃၁ ရက်နေ့က ချုံပုတ်မီးလောင်ကျွမ်းမှုကြောင့် ဒေသခံတွေနဲ့ အားလပ်ရက်ခရီးသွားသူတွေ ထောင်နဲ့ချီ ပိတ်မိလျက်ရှိနေပါတယ်။

ချုံပုတ်မီးဟာ အထင်ကရကမ္ဘာလှည့်ခရီးသွားတွေလာရောက်တဲ့နေရာကို နေရာလွတ်မကျန်အောင် ၀န်းရံလောင်ကျွမ်းနေတာဖြစ်ပါတယ်။
မာလာကိုတာမြို့ ပင်လယ်ကမ်းခြေမှာ ပိတ်မိနေသူ ၄၀၀၀ နီးပါးရှိနေပြီး ချုံပုတ်မီးခိုးတွေက နေ့အချိန်ကို ညလို မှောင်မည်းလျက်ရှိနေပါတယ်။
ချုံပုတ်မီးကြောင့် မိုးခြိမ်းမှုတွေနဲ့ မီးလောင်စတွေ လွှင့်စင်မှုဖြစ်ပွားနေတယ်လို့လည်း ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။
Ref;Reuters
Thousands trapped on Australia beach encircled by fire

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။