Trending Now

မံစီမြို့နယ်၌ စာသင်ကျောင်းအခြေပြု မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး

Spread the love

မံစီမြို့နယ်၌ စာသင်ကျောင်းအခြေပြု မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး

EPN
မံစီ၊ ဖေဖော်ဝါရီ ၁၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့အခြေခံပညာ အထက်တန်းကျောင်းတွင် ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၁၁ နာရီက မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက စာသင်ကျောင်းအခြေပြု မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အဆိုပါ စာသင်ကျောင်း ဖုန်ကန်ဒူဝါ ခန်းမဆောင်၌ မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင်က ကျောင်းသား၊ကျောင်းသူများ၊ ဆရာ၊ ဆရာမများကို မီးဘေးအန္တရာယ်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းအကြောင်း၊ မီးသတ်ဆေးဗူးများအသုံးပြုပုံနှင့် မီးငြိမ်းသတ်ပုံများကို ရှင်းလင်း ဟောပြောခဲ့သည်။

ထို့နောက် ခန်းမဆောင်ရှေ့၌ ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများနှင့် အတူ အရေးပေါ် မီးငြိမ်းသတ်ခြင်း လက်တွေ့ဇတ်တိုက်လေ့ကျင့်မှုကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဗန်းမော်သုခမိန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။