Trending Now

မုံရွာ – ဘုတလင် ကားလမ်းပေါ်က BOT စနစ် လမ်းအသုံးပြုခ ကောက်ခံရေး တိုးလ်ဂိတ် မိုင်းခွဲဖျက်စီးခံရ

Spread the love

မုံရွာ – ဘုတလင် ကားလမ်းပေါ်က BOT စနစ် လမ်းအသုံးပြုခ ကောက်ခံရေး တိုးလ်ဂိတ် မိုင်းခွဲဖျက်စီးခံရ

EPN

ဘုတလင် ၊ ဖေဖော်ဝါရီ ၊ ၁၂

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ဘုတလင်မြို့နယ် ၊ မုံရွာ ဘုတလင် ကားလမ်းပေါ်မှာရှိတဲ့ လမ်းအသုံးပြုခ ကောက်ခံရေးတိုးလ်ဂိတ်ကို အခုလ ၁၂ ရက် ၊ ဒီကနေ့ နေ့ခင်းပိုင်းက အကြမ်းသမား လူ ၃၀ ကျော်က လာရောက်စီးနင်းပြီး မိုင်းခွဲဖျက်စီးသွားတယ်လို့် ဘုတလင်နယ်ခံတွေထံက သိရပါတယ်။

BOT စနစ်နဲ့ တည်ဆောက်ထားတဲ့ တိုးလ်ပလာဇာဖြစ်တယ် ၊ ဆုထူးပန် ဆောက်လုပ်ရေး ကုမ္မဏီပိုင် တိုးလ်ဂိတ်အဆောက်အဦးကို ဒီကနေ့ နေ့ခင်း ၁၁ နာရီလောက်က မိုင်းခွဲဖျက်စီးသွားတာပါ ” လို့ အဲ့ဒီ တိုးလ်ဂိတ်အနီးမှာရှိတဲ့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

အဖျက်သမား လူ ၃၀ ကျော်လောက်က လက်နက်တွေကိုင်ဆောင်ပြီး တိုးလ်ဂိတ်ကိုရောက်လာတယ် ၊ တိုးလ်ဂိတ် ဝန်ထမ်းတွေကို ဘေးလွတ်ရာကို ရှောင်ခိုင်းပြီး ဘုတလင်ဘက်ကနေ မုံရွာကိုလာရင် ညာဘက်အခြမ်းက ငွေကောက်ခံရေး အဆောက်အဦး မိုင်းခွဲဖျက်စီးခံရတာပါ ၊ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်း အပါအဝင် ပျက်စီးတာများတယ် ၊ တန်ဘိုးကတော့ စီစစ်တွက်ချက်နေဆဲဖြစ်တယ် ” လို့ ဘုတလင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူ တစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ လကုန်ပိုင်းရက်က မုံရွာမြို့ကနေ ဘုတလင်မြို့ကို ပြန်လာတဲ့ လုံခြုံရေးကား တစ်စီးဟာ အခုမိုင်းခွဲ တိုက်ခိုက်ခံရတဲ့ တိုးလ်ဂိတ် ဝန်းကျင်နေရာမှာ မိုင်းထိမှန်ပြီး ရဲဝန်ထမ်းတစ်ယောက် သေဆုံးကာ လူ ၄ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တာ ဖြစ်ခဲ့ပါသေးတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။