Trending Now

စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယ ဦးစီးမှူးကို PDF အဖွဲ့မှ ပစ်ခတ်သတ်ဖြတ်

Spread the love

စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယ ဦးစီးမှူးကို PDF အဖွဲ့မှ ပစ်ခတ်သတ်ဖြတ်

EPN
မြစ်ကြီးနား၊ ဇူလိုင် ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာရှိ စိုက်ပျိုးရေး သိပ္ပံကျောင်းမှ ကျောင်းအုပ် ဆရာမကြီး အပါအဝင် ဆရာ/မ များကို PDF အဖွဲ့မှ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ကာ ရိုက်နှက်ညှင်းပန်း နှိပ်စက်မှုများ ပြုလုပ်ပြီး စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူးဖြစ်သူကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာရှိ စိုက်ပျိုးရေး သိပ္ပံကျောင်း (ထားဝယ်) သို့ ဇူလိုင် ၂၀ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီခန့်တွင် PDF အဖွဲ့မှ လက်နက်များကိုင်ဆောင်ပြီး မြို့ဟောင်းကျေးရွာဘက်မှ မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာကာ အဆိုပါကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းအုပ် ဆရာမကြီးအပါအဝင် ဆရာ/မများနှင့် ကျောင်းသား/သူများအား ခေါ်ယူပြီး စာသင်ကျောင်းခန်းမတွင် ကိုယ်ထိ လက်ရောက်ရိုက်နှက်နှိပ်စက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်းအပြင် ဆရာ/မ များအား CDM ပြုလုပ်ရန် အကြပ်ကိုင်ခြိမ်းခြောက်မှု များပြုလုပ်၍ ဇူလိုင် ၂၁ ရက်နေ့၊ နံနက် ၈ နာရီ နောက်ဆုံးထားရှိပြီး ကျောင်းဝန်းအတွင်းမှ ထွက်ခွါကြရန် ခြိမ်းခြောက်ပြောဆို၍ ကျောင်းအုပ်ဆရာမကြီးဖြစ်သူ ဒေါ် မြင့်မြင့်ခိုင်နှင့် ၎င်း၏သားဖြစ်သူ အသက် ၁၁ နှစ်အရွယ် မောင်အောင်ဟိန်းခန့်တို့ အပါအဝင် ဆရာ/မ ၅ ဦးစုစုပေါင်း ၇ ဦးတို့ကို အတင်းအဓမ္မဖမ်းဆီးခေါ် ဆောင်ကာ ညနေ ၄ နာရီခွဲခန့်တွင် မြို့ဟောင်းကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

၎င်းအပြင် ဇူလိုင် ၂၂ ရက်နေ့တွင်လည်း အဆိုပါ စာသင်ကျောင်းတွင် စိုက်ပျိုးရေးပညာရပ်များကို သင်ကြား ပေးလျက်ရှိသည့် လောင်းလုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူးဖြစ်သူ ဦးသိန်းဦးသည် ၎င်း၏နေ အိမ်တွင် အိပ်နေစဉ် PDF အဖွဲ့မှ မော်တော်ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး၊ နေအိမ်၏ အရှေ့ဘက်သို့ ခေါ်ဆောင်ကာ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် ၎င်းနေရာတွင် သေဆုံးခဲ့ရကြောင်း သိရသည်။

ယင်းကဲ့သို့ ကျောင်းဆရာ/ မများနှင့်ကျောင်းသား၊ ကျောင်းသူများကို နှိပ်စက်ခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးအား ပစ်ခတ်သတ်ဖြတ်ခဲ့သည့် PDF အဖွဲ့များကို ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။