Trending Now

နေတို့အဖွဲ့မှာ ဖင်လန်နဲ့ ဆွီဒင်တို့ ပါဝင်တာကို ဂရုမစိုက်ဘူးလို့ ပူတင်ပြော

Spread the love

နေတို့အဖွဲ့မှာ ဖင်လန်နဲ့ ဆွီဒင်တို့ ပါဝင်တာကို ဂရုမစိုက်ဘူးလို့ ပူတင်ပြော

EPN
နိုင်ငံတကာ၊ ဇွန် ၃၀

နေတို့အဖွဲ့မှာ ဖင်လန်နဲ့ ဆွီဒင်တို့ ပါဝင်တာကို ရရှားအနေနဲ့ စိုးရိမ်စရာမရှိဘူးလို့ တာ့ခ်မင်နစ္စတန်နိုင်ငံ အာရှဂါဘတ်မြို့တော် မှာ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပူတင် ပြောဆိုခဲ့ပါတယ်။

“ဆွီဒင်နဲ့ ဖင်လန်တို့ ဝင်တာ ပြဿနာမရှိပါဘူး သူတို့ ဆန္ဒရှိရင် ပါဝင်နိုင်ပါတယ် အဲဒါက သူတို့အပေါ်မှာ မူတည်ပါတယ် သူတို့ လိုချင်တဲ့ အတိုင်း ပါဝင် နိုင်ပါတယ်။” လို့ ပူတင်က ပြောပါတယ်။

နေတိုးမဟာမိတ်အဖွဲ့မှာ ပါဝင်ဖို့ ဖင်လန် နဲ့ ဆွီဒင်တို့ကို နေတိုးမဟာမိတ်အဖွဲ့က တရားဝင်ဖိတ်ခေါ်ခဲ့ပြီးတဲ့နောက် ရုရှားသမ္မတ ပူတင်ရဲ့မှတ်ချက် ထွက်ပေါ်လာတာပါ။

ဒါပေမယ့် ဖင်လန်နဲ့ ဆွီဒင်နိုင်ငံတွေမှာ နေတိုးရဲ့ စစ်ရေးအခြေခံအဆောက်အအုံတွေ ဖြန့်ကျချထားလာပါက တုံ့ပြန်မှုပြုလုပ်သွားမယ်လို့ ပူတင်က သတိပေးပြောဆိုထားပါတယ်။

“ခြိမ်းခြောက်မှု မရှိဘူးဆိုတာ သူတို့ နားလည်ထားရမှာ ဖြစ်သလို အခု စစ်ဘက်ဆိုင်ရာ အဆောက်အဦတွေ ချထားမယ်ဆိုရင်တော့ ကျနော်တို့ ဖန်တီးထားတဲ့ နယ်မြေတွေအတွက် တစ်ခုခုတုံ့ပြန်ရမှာ ဖြစ်ပါတယ်။”လို့ ပူတင်ကပြောပါတယ်။

ဒါ့အပြင် နော်ဒစ်နိုင်ငံတွေနဲ့ ပတ်သက်ပြီး ပူတင်က “ကျွန်တော်တို့ကြားက အားလုံးအဆင်ပြေပါတယ်၊ ဒါပေမယ့် အခုချိန်မှာတော့ တင်းမာမှုတွေ ရှိလာနိုင်ပါတယ်၊ ခြိမ်းခြောက်မှုတွေရှိနေရင်တော့ ရှောင်လွှဲလို့မရပါဘူး။” လို့ ပြောပါတယ်။

Source – trt

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။