Trending Now

အသက်ငါးဆယ်ခန့် အမျိုးသားတစ်ဦး ဓါးဖြင့် မိမိကိုယ်မိမိ လုပ်ကြံသေဆုံး

Spread the love

အသက်ငါးဆယ်ခန့် အမျိုးသားတစ်ဦး ဓါးဖြင့် မိမိကိုယ်မိမိ လုပ်ကြံသေဆုံး

EPN
ဖားကန့်၊ ဇွန် ၂၅

ဖားကန့်မြို့နယ် ဟောင်းပါးကျေးရွာအုပ်စုအတွင်း ယမန်နေ့က အသက် (၅၀)ခန့်အရွယ် အမျိုးသားတစ်ဦးသည် ဓါးကို အသုံးပြုလျှက် မိမိကိုယ် မိမိ လုပ်ကြံသေဆုံးခဲ့သည့် ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့ကြောင်း တာမခန် နယ်မြေရဲစခန်းမှ သိရသည်။

အခင်းဖြစ်ပွားရာသို့ တာမခန် နယ်မြေရဲစခန်းမှူးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြရာ သေဆုံးသူမှာ အသက် (၅၀)ခန့် အရွယ်ရှိ ဝှေ့ဆိုင်းရပ်ကွက်(၇)နေ ဦးအောင်ဘ ဆိုသူ ဖြစ်ပြီး ၄င်းသည် ယမန်နေ့ ဇွန် ၂၂ ရက်၊ ၁၀ နာရီအချိန်ခန့်တွင် ဟောင်းပါး ကျေးရွာ အုပ်စု ဟောင်းပါးကျေးရွာ ဝှေ့ဆိုင်းရွာထိပ်လမ်းမပေါ်တွင် လည်ပင်း (၃)လက်မခန့် ပြတ်ရှ ဒဏ်ရာ၊ ၀မ်းဗိုက် ပွန်းခြစ် ဒဏ်ရာ(၃)ချက်၊ ရင်ဘတ် ပွန်းခြစ် ဒဏ်ရာ (၄) ချက်၊ ရင်ဘတ်နှင့် ၀မ်းဗိုက်တွင် ပြတ်ရှ ဒဏ်ရာ အသေး (၃) ချက် တို့ ဖြင့် သေဆုံးနေကြောင်း သိရသည်။

အဆိုပါ သေဆုံးအမျိုးသားသည် ရှမ်းပြည်နယ် ဘက်မှ တစ်ဦးတည်း လာရောက်သူ ဖြစ်ပြီး နေရာအတည်တကျ မရှိ ကျေးရွာအတွင်း လှည့်လည်သွားလာကာ နေထိုင်တတ်သူ ဖြစ်ကာ အရက်နှင့် မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲသဖြင့် စိတ်ဖောက်ပြန်ကာ သေကြောင်းကြံစည်ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

တာဝန်ရှိသူများက သေဆုံးသူ၏ အလောင်းအား ရဲဆေးစာဖြင့် တာမခန်ကျေးရွာ မေတ္တာနာရေးကူညီမှု အသင်း၏ မော်တော်ယာဉ် အကူအညီဖြင့် တာမခန် တိုက်နယ်ဆေးရုံသို့ ပို့ ဆောင်ပေးခဲ့ကြောင်းနှင့် တာမခန်နယ်မြေရဲစခန်းတွင် သေမှုသေခင်းဖွင့်လှစ်ထားကြောင်း သိရသည်။

နောနော်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။