Trending Now

ပုသိမ်မြို့တွင် နေအိမ်၌ အိပ်ပျော်နေသည့် အသက် ၈၀ အရွယ် အမျိုးသားတစ်ဦးအသတ်ခံရပြီး ဖုန်းနှင့် ပိုက်ဆံအချို့ လုယက်ခံရ

Spread the love

ပုသိမ်မြို့တွင် နေအိမ်၌ အိပ်ပျော်နေသည့် အသက် ၈၀ အရွယ် အမျိုးသားတစ်ဦးအသတ်ခံရပြီး ဖုန်းနှင့် ပိုက်ဆံအချို့ လုယက်ခံရ

EPN
ပုသိမ် ၊ သြဂုတ် ၅

ဧရာဝတီတိုင်း၊ပုသိမ်မြို့၊အမှတ်(၄)ရပ်ကွက်၊ ပြည်တော်သာတွင် ယနေ့ မနက် ၄ နာရီဝန်းကျင်ခန့်က အသက် ၈၀ အရွယ် အမျိုးသားတစ်ဦး အသတ်ခံရပြီး ဖုန်းနှင့် ပိုက်ဆံအချို့ လုယက်ခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့နီးစပ်သူများထံမှ သိရသည်။

သေဆုံးသူမှာ ရှေ့နေ အလုပ်လုပ်ကိုင်ခဲ့ဖူးသည့် အသက် ၈၀ အရွယ် ဦးဖြိုးသွင် ဆိုသူဖြစ်ပြီး နေအိမ်၌ တစ်ဦးတည်ရှိနေသည့် အချိန် မနက် ၄ နာရီခန့်တွင် တုတ်ဖြင့် ရိုက်သတ်ခံခဲ့ရခြင်းဖြစ်သည်။

“ဖြစ်စဉ်ကမှန်ပါတယ်၊လက်ရှိရဲတပ်ဖွဲ့နဲ့ တပ်က စစ်ဆေးနေပါတယ်၊ ဦးဖြိုးသွင်းရဲ့ ဦးခေါင်းကို တုတ်နဲ့ရိုက်ပြီးမှ လည်ပင်းကိုဝါယာကြိုးနဲ့ပတ်ပြီးသတ်သွားတာပါ၊လာသတ်သွားတဲ့သူက ဦးဖြိုးသွင်ကို သတ်ပြီး ခြင်ထောင်ထဲကိုတောင် ပြန်ထည့်ခဲ့သေးတယ်၊ အေးအေးဆေးဆေးလုပ်သွားတာလို့ယူဆပါတယ်၊ နေအိမ် မှာဦးဖြိုးသွင်တစ်ယောက်ပဲရှိတဲ့အချိန်အသတ်ခံရတာ”ဟုရဲတပ်ဖွဲ့ဝင်ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

အသတ်ခံရသည့်ဦးဖြိုးသွင်မှာ ယခင်က ရှေ့နေအလုပ်ကိုလုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်သည့်အတွက် ၎င်းကို ပုဂ္ဂိုလ်ရေးကိစ္စများကြောင့် အသတ်ခံရခြင်းဖြစ်နိုင်သလို ဖုန်း ၁ လုံးနှင့်ပိုက်ဆံအချို့ယူ သွားသဖြင့် သူခိုးလက်ချက်လည်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့မှခန့်မှန်းပြောဆိုထားသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။