Trending Now

နောင်ယန်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၆၀ ကျော်ပျက်စီးဆုံးရှုံးပြီး အကူညီများလိုအပ်နေ

Spread the love

နောင်ယန်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၆၀ ကျော်ပျက်စီးဆုံးရှုံးပြီး အကူညီများလိုအပ်နေ

EPN
မြစ်ကြီးနား ၊ မေလ ၉

စစ်ကိုင်းတိုင်း နန်းယွန်းမြို့နယ်အတွင်းရှိ နောင်ယန်းကျေးရွာတွင် ယမန်နေ့ညပိုင်းက လေပြင်းတိုက်ခတ်ခဲ့ရာ ကျေးရွာရှိ နေအိမ် ၆၀ကျော်ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း နောင်ယန်းကျေးရွာအုပ်ချုပ်ရေးမှုးထံမှ သိရသည်။

၎င်းကျေးရွာတွင် ဧပြီလကုန်ပိုင်းအတွင်းကလည်း လေတိုက်ပြီးမိုးသီးကျမှုကြောင့်နေအိမ် ၆၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ရာ ကျေးရွာနေပြည်သူများ အခက်တွေ့နေရပြီး ယာယီနေထိုင်ရန် မိုးကာတဲများဖြင့်နေထိုင်ခဲ့ကြခြင်းဖြစ်ပြီးယမန်နေ့က လေပြင်းထပ်မံ တိုက်ခတ်ခဲ့မှုကြောင့် မိုးကာတဲများပြန်လည်ပျက်စီးခဲ့ရခြင်း ဖြစ်သည်။
“ဧပြီလက မိုးသီးကြွေပြီး အိမ်တွေပျက်စီးနေတာကို ယာယီ မိုးကာတဲတွေနဲ့ ပြန်ပြင်ပြီး ခက်ခက်ခဲခဲနေနေကြရတာ မနေ့က လေပြင်းပြန်တိုက်တော့ အကုန်နီးပါး ပြန်ပျက်စီးသွားတဲ့အတွက် အကူအညီတွေလိုနေတယ်သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကူအညီတောင်းထားပေမယ့်အခုချိန်အထိတော့ အကြောင်းမပြန်သေးဘူး”ဟုနောင်ယန်းကျေးရွာအုပ်ချုပ်ရေးမှုးက ပြောဆိုသည်။
အဆိုပါ ပျက်စီးဆုံးရှုံးသွားသောနေအိမ်များအား သက်ဆိုင်ရာဌာနဆိုင်ရာသို့ အကူညီများလိုအပ်နေကြောင်း စာတင်ထားသော်လည်း လက်တလောတွင်တုန့်ပြန်မှုမ‌ရှိသေးကြောင်းလည်း သိရသည်။
“‌လိုအပ်တဲ့အကူအညီတွေအတွက်ဌာနဆိုင်ရာ NGO စသဖြင့်ဌာနအသီးသီးကိုတော့လက်မှီသလောက်ချိတ်တော့ချိတ်ဆက်ထားတယ် ဒါပေမဲ့ဆောင်ရွက်ပေးမယ်လုပ်ပေးမယ်ဆိုတဲ့ဟာ လုံးဝတာဝန်ကြီးတော့မဟုတ်ဘူးနော အထက်မှာတင်ပြပေးမယ်‌ဘာညာတော့ပြောပါတယ်၊ဆိုတော့ကျွန်တော်ကတော့ထင်တယ်ဒါက ကုန်ကျငွေအမောက်များနိုင်တာဆိုတော့ဘယ်ဌာနကမှ ချက်ခြင်းကြီးမဆောင်ရွက်နိုင်ပေးဘူး” ဟု ၎င်းကဆိုသည်။
အဆိုပါကျေးရွာသည် အိမ်ခြေပေါင်း ၂၀၀ ဝန်းကျင်ရှိပြီး၊မြို့ပြနေရာနှင့်ဝေးသောနေရာတွင်တည်ရှိရာ အင်တာနက်လိုင်းမရသည့်နေရာတခုဖြစ်သည့်အတွက် အကူညီများတောင်းခံရာတွင်အခက်ခဲများရှိနေပြီး အကူညီများလိုအပ်နေခြင်းဖြစ်ကြောင်းသိရသည်။
လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။