Trending Now

မိုးမောက်မြို့နယ်၌ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Spread the love

မိုးမောက်မြို့နယ်၌ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

EPN
မိုးမောက်၊ ဖေဖော်ဝါရီ ၁၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂)နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မိုးမောက်မြို့နယ်အတွင်းရှိ မံပုံ၊ ကျောက်စခန်း ၊ ကျရီဒဂေါ်၊ ဝိန်းခမ်း၊ တာဆိုင်၊ နားလုံ၊ ကျခန်းဒပ် ဒိန်ဂါယန်၊ နောင်းကုန် ၊ ကွမ်ဘန်ကျေးရွာအုပ်စု များ အတွင်းရှိ တောင်သူ (၁၇၄)ဦး အတွက် လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ပုံစံ (၇) ရရှိရေး အတွက် လုပ်ငန်းအမှုတွဲပေါင်း(၁၈၈)တွဲနှင့် လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် အမှုတွဲ ( ၁ )တွဲတို့အား လယ်ယာမြေဥပဒေနှင့်အညီ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့သို့ တင်ပြနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ပြီး မိုးမောက်မြို့နယ်အတွင်း စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်စွန့်ပစ်ရန် မြေနေရာအသစ်လျာထားရှာဖွေဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ဝါးစိုက်ပျိုးရေးစီမံချက်ပါ ကျေးရွာများ ဖြစ်သည့် ကျောက်စခန်း (၃)ဧက၊ နောင်းကုန်( ၃ )ဧက၊ ကျရီဒဂေါ်(၄ )ဧက၊ စုစုပေါင်း (၁၀)ဧကတို့တွင် ဝါးစိုက်ပျိုးနိုင်ရေး အတွက် စိုက်ပျိုးမြေနေရာ လျာထားခြင်း မြေပြုပြင်ခြင်း၊ ပေါင်းမြတ်များ ရှင်းလင်းခြင်း၊ မြေဆီကျွေးခြင်း၊ စိုက်ပျိုးခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ ဆိုင်းဘုတ်စိုက်ထူခြင်း လုပ်ငန်းများကို မြို့နယ်သစ်တောဦးစီးဌာနမှ အဆိုပါကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက် နိုင်ရေး ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

ဗန်းမော်သုခမိန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။