Trending Now

ပုဂံရှေ့ဟောင်းနယ်မြေအတွင်းရှိ ဘုရားငါးဆူစေတီ ဌာပနာတော် ဖောက်ထွင်းခံရ

Spread the love

ပုဂံရှေ့ဟောင်းနယ်မြေအတွင်းရှိ ဘုရားငါးဆူစေတီ ဌာပနာတော် ဖောက်ထွင်းခံရ 

EPN
ရန်ကုန်၊ ဇွန် ၈

ပုဂံရှေ့ဟောင်းနယ်မြေအတွင်းရှိဘုရားငါးဆူစေတီဌာပနာတော် ဖောက်ထွင်းခံခဲ့ရကြောင်း ပုဂံညောင်ဦးဧည့်လမ်းညွှန်များ အသင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်(၈)ရက်၌ ပုဂံညောင်ဦးဧည့်လမ်းညွှန်များအသင်းမှ ပုဂံဘုရားများကို ကင်းပတ်လှည့်လည်ကြည့်ရှုစဉ် ရွာဟောင်းကြီးဘုရား မြောက်ဖက်ဘုရားစုများထဲမှ ဘုရားငါးဆူ၏ ပြန်လည်ပြုပြင်ထားသော ကွမ်းတောင်များတွင် ဖောက်ထွင်းခံထားရသည်ကို တွေ့ရှိခဲ့ရပါတယ်။

ထိုကဲ့သို့ ဖောက်ထွင်းခံရမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံရဲတပ်ဖွဲ့ပါအဝင် အုပ်ချုပ်ရေးအဖွဲ့အသီးသီးက ချိတ်ဆက်ဆောင်ရွက် နေကြောင်း ဒေသအုပ်ချုပ်ရေးအဖွဲ့များက အတည်ပြုပြောဆိုပါတယ်။

Photo – ပုဂံညောင်ဦးဧည့်လမ်းညွှန်များအသင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။