Trending Now

တာချီလိတ်မြို့တွင် အမျိုးသားနှစ်ဉီးထံမှ  စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Spread the love

တာချီလိတ်မြို့တွင် အမျိုးသားနှစ်ဉီးထံမှ  စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ မတ် ၈ (၂၀၂၄)

တာချီလိတ်မြို့တွင် အမျိုးသားနှစ်ဉီးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများကို မတ်လ ၇ ရက်နေ့၊ ညနေ လေးနာရီခွဲ အချိန်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ မတ်လ ၆ ရက်နေ့တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ)ရပ်ကွက်၊ ၀မ်မိုင်ကွက်သစ်နေ အောင်ဇေယျ၏ နေအိမ်အား မူးယစ်သတင်းအရ ၀င်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၂၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၂ ဒဿမ ၄ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ပြီး စစ်ဆေးဖော်ထုတ်ချက်အရ မတ်လ ၇ ရက်နေ့၊ ညနေ ၅နာရီအချိန်က တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်တွင် ရှာမွေလှ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၈ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီးဇေယျ (၂၈)နှစ်နှင့် ရှာမွေလှ (၃၂)နှစ်တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး၊ ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

အယ်လီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။