Trending Now

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ လူနေတိုက်ခန်းတစ်ခန်း ပြိုကျပြီးနောက် ကလေးငယ်တွေအပါအဝင် လူ ၁၂ ဦးကို ကယ်ဆယ်နိုင်ခဲ့

Spread the love

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ လူနေတိုက်ခန်းတစ်ခန်း ပြိုကျပြီးနောက် ကလေးငယ်တွေအပါအဝင် လူ ၁၂ ဦးကို ကယ်ဆယ်နိုင်ခဲ့

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၅

အိန္ဒိယနိုင်ငံ မြောက်ပိုင်း Lucknow မြို့မှာ လူနေတိုက်ခန်းတစ်ခန်း ပြိုကျမှုဖြစ်ပွားခဲ့ပြီးနောက် ကလေးငယ်နှစ်ဦး အပါအဝင် လူ ၁၂ ဦးကို ကယ်ဆယ်ရေး လုပ်သားတွေက အပျက်အစီးတွေကြားက ကယ်တင်နိုင်ခဲ့ပါတယ်။

တိုက်ခန်း အပျက်အစီးတွေကြားမှာ နောက်ထပ် လူ ၁၂ ဦးထက်မနည်း ပိတ်မိနေမှာကို စိုးရိမ်နေကြတယ်လို့ ဒေသဆိုင်ရာ ရဲအရာရှိတစ်ဦးက အင်္ဂါနေ့မှာ ပြောပါတယ်။

အိန္ဒိယနိုင်ငံ၏ လူဦးရေအထူထပ်ဆုံး အူတာပါဒစ်ရှ် ပြည်နယ် မြို့တော် Lucknow ရဲ့ လူစည်ကား တဲ့နေရာတစ်ခုမှာ ကယ်ဆယ်ရေးသမားတွေက တိုက်ခန်း အပျက်အစီးတွေကို ရှင်းထုတ်ဖို့ ကြိုးပမ်းနေချိန်ဖြစ်ပါတယ်။

အဆောက်အဦးပြိုကျချိန်မှာ လူ ၂၄ ဦးခန့် ပိတ်မိနေနိုင်တယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းပြောဆိုခဲ့ပေမယ့် ပြိုကျရတဲ့ အကြောင်းရင်ကိုတော့ ချက်ချင်းမှတ်ချက်မပေးခဲ့ပါဘူး။

“ကလေးနှစ်ယောက်အပါအဝင် လူ ၁၂ ဦးကို အခုအချိန်အထိ ကယ်ဆယ်နိုင်ခဲ့ပါတယ် သေဆုံးသူ တွေကိုတော့ လက်ရှိအချိန်အထိ မတွေ့ရှိရသေးပါဘူး” လို့ အူတာပါဒစ်ရှ် ရဲတပ်ဖွဲ့ညွှန်ကြားရေးမှုးချုပ်က ချူဟန်က သတင်းထောက်တွေကို ပြောပါတယ်။

— ကိုးကား —
AFP
Ref; Twelve rescued after building collapses in India; more feared trapped

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။