Trending Now

ထိုင်ဝမ်ကို ခြိမ်းခြောက်မှုများ တရုတ်နိုင်ငံ လက်လျှော့ရန် သမ္မတ ဆိုင်အင်းဝမ်ဆို

Spread the love

ထိုင်ဝမ်ကို ခြိမ်းခြောက်မှုများ တရုတ်နိုင်ငံ လက်လျှော့ရန် သမ္မတ ဆိုင်အင်းဝမ်ဆို

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၂

တရုတ်ပြည်မကြီးနဲ့ ထိုင်ဝမ်အကြားဆက်ဆံရေး ကိစ္စများ လွှမ်းမိုးနေသည့် ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဆိုင်အင်းဝမ် ထပ်မံအနိုင်ရရှိသွားသည်။

သမ္မတဆိုင်အင်းဝမ်သည် ၎င်း၏ပြိုင်ဘက် ဟန်ကိုယူကို မဲအသာဖြင့် အနိုင်ရခဲ့ပြီး မဲအရေအတွက် ၈ ဒသမ ၂ သန်းရှိခဲ့ကာ အဆိုပါ အရေအတွက်မှာ မဲဆန္ဒရှင်များ၏ ၅၇ ရာခိုင်နှုန်းဖြစ်သည်။

ဆိုင်အင်းဝမ်သည် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကို ဆန့်ကျင်သူ တစ်ဦးဖြစ်ပြီး ၎င်း၏ပြိုင်ဘက်မှာမူ စီးပွားရေး အကျိုးရလဒ်များ အတွက်ဆိုကာ တရုတ်နိုင်ငံနှင့် နီးစပ်လိုသူဖြစ်သည်။

ထိုင်ဝမ်ကျွန်းကို အတင်းအကြပ်ပြန်လည်ရယူရန် ခြိမ်းခြောက်နေခြင်းများကို လက်လျှော့ရန် တရုတ်ပြည်မကြီးအား ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က တိုက်တွန်းပြောဆိုလိုက်သည်။

မိမိတို့သည် ဒီမိုကရေစီလမ်းစဉ်ကို မည်မျှတန်ဖိုးထားကြောင်းနှင့် တိုင်းပြည်ကို မည်မျှချစ်မြတ်နိုးကြောင်းကို ထိုင်ဝမ်က ကမ္ဘာကိုပြသနေခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောသည်။

၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်တွင်းစစ်ပြီးသည့်အချိန်မှစ၍ ထိုင်ဝမ်၏အချုပ်အခြာအာဏာကို ပိုင်ဆိုင်ကြောင်း တရုတ်နိုင်ငံ အခိုင်အမာပြောဆိုထားသည်။ ထို့ပြင် လိုအပ်ပါက စစ်ရေးအင်အား အသုံးပြုပြီး တရုတ်နိုင်ငံနှင့် ထိုင်ဝမ်တို့ပြန်လည်ပေါင်းစည်းရမည်ဟု ပြောဆိုထားသည်။

တရုတ်နိုင်ငံအနေဖြင့် ယင်းသို့သော ခြိမ်းခြောက်မှုများကို ဆက်လက်လုပ်ဆောင်ရန် မသင့်တော့ကြောင်း သမ္မတအဖြစ် ထပ်မံရွေးချယ်ခံရသည့် ဆိုင်အင်းဝမ်းက ထုတ်ဖော်ပြောဆိုသည်။

Ref: Taiwan election: Tsai Ing-wen wins second presidential term


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။