Trending Now

ရုရှားနယ်စပ်မှာ တပ်ဖွဲ့ဝင် ၃ သိန်းအထိ တပ်ဖြန့်ဖို့ နေတိုး စဉ်းစားနေ

Spread the love

ရုရှားနယ်စပ်မှာ တပ်ဖွဲ့ဝင် ၃ သိန်းအထိ တပ်ဖြန့်ဖို့ နေတိုး စဉ်းစားနေ

EPN
နိုင်ငံတကာ၊ မတ် ၂၀

ရုရှားနိုင်ငံက နေတိုးအဖွဲ့ဝင် နိုင်ငံတွေအထိ စစ်ပွဲတိုးချဲ့လာမှာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရုရှားအရှေ့ဘက် နယ်စပ်တစ်လျောက်မှာ စစ်အင်အား တိုးမြင့်ဖို့ စီစဉ်နေပါတယ်။

Politico ရဲ့ အဆိုအရ အရှေ့ဘက်နယ်စပ်တစ်လျာက်မှာ နေတိုးအဖွဲ့ဝင် နိုင်ငံပေါင်း ၃၀ က စစ်သားပေါင်း ၃၀၀,၀၀၀ အထိ တပ်ဖြန့်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်သားတွေအတွက် လေ့ကျင့်ရေးပစ္စည်းတွေ၊ စစ်လက်နက်ပစ္စည်းတွေ၊ ဆက်စပ်ပစ္စည်းတွေ၊ ခဲယမ်းတွေ ပေး ပို့သွားဖိုအတွက် သိသာထင်ရှားတဲ့ ညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

နေတိုးအရာရှိတွေက ကာကွယ်ရေးအစီအစဉ်ကို မြင့်တင်ဖို့အတွက် ၁၀ ရက်အတွင်း နယ်စပ်တစ်လျောက်မှာ ပထမဆုံးတပ်စွဲဖို့ စစ်သား ၁ သိန်းခန့် အဆင့်သင့်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

အဲဒီတပ်ဖွဲ့ဝင်တွေထဲမှာ ပိုလန်၊ နော်ဝေ၊ အက်စ်တိုးနီးယား၊ လတ်ဗီးယားနဲ့ လစ်သူယေးနီးယားနိုင်ငံတွေက တပ်ဖွဲ့ဝင်တွေပါဝင်နိုင်တယ်လို ဆိုပါတယ်။

ref; yahoo

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။