Trending Now

အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၁ သိန်းကျော်ရှိလာ

Spread the love

အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၁ သိန်းကျော်ရှိလာ 

EPN
နိုင်ငံတကာ၊ မေ ၁၈

အမေရိကန်နိုင်ငံတွင် ၄ လ မပြည့်ခင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁ သိန်းကျော်နေပြီဖြစ်သည်။
ကမ္ဘာတ၀န်းကူးစက်ခံရမှု၏ ၃၀ ရာခိုင်နှုန်းဖြစ်သည့် ကူးစက်ခံရသူ ၁.၆၇ သန်းကျော်ရှိပြီး သေဆုံးမှုနှုန်း လည်းအများဆုံးဖြစ်သည်။

ဇန်နဝါရီ ၂၁ ရက်က ဝါရှင်တန်ပြည်နယ်တွင် အမေရိကန်၏ ပထမဆုံးကူးစက်ခံရမှုရှိခဲ့သည်။
ကမ္ဘာတ၀န်းတွင် ကူးစက်ခံရသူ ၅.၆ သန်းကျော်ရှိနေပြီး သေဆုံးသူ ၃၅၄၉၈၃ ယောက်ရှိနေသည်။

မေရီလန်းမှ ဂျွန်ဟော့ကင်း တက္ကသိုလ်၏ စာရင်းအရ အမေရိကန်တွင်သေဆုံးသူ ၁၀၀၂၇၆ ယောက်ရှိနေသည်။

Ref : Coronavirus deaths in US top 100,000


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။