Trending Now

မွမ်ဘိုင်းမြို့တော်တွင် နှစ်ရက်အတွင်း ရဲတပ်ဖွဲ့ဝင် ၂၇၈ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

Spread the love

မွမ်ဘိုင်းမြို့တော်တွင် နှစ်ရက်အတွင်း ရဲတပ်ဖွဲ့ဝင် ၂၇၈ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

EPN
နိုင်ငံတကာ၊ မေ ၂၂

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တော်တွင် နှစ်ရက်အတွင်း ရဲတပ်ဖွဲ့ဝင် ၂၇၈ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း မဟာရတ်ချ်ထရာပြည်နယ် ရဲတပ်ဖွဲ့က ယနေ့ ပြောကြားလိုက်သည်။

ပြန်လည်သက်သာလာသူ ၄၇၃ ဦး နှင့် သေဆုံးသူ ၁၆ ဦး အပါအဝင် မဟာရတ်ရှ်ထရာပြည်နယ် ရဲတပ်ဖွဲ့ တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်းအရေအတွက်မှာ ၁၆၆၆ ဦးအထိ မြင့်တက်လာခဲ့ပြီး ရောဂါ လက္ခဏာပြသသူ ၁၁၇၇ ဦး ရှိသည်။

ကိုဗစ်-၁၉ ရောဂါနှင့် ဆက်စပ်သော တာဝန်များထမ်းဆောင်နေချိန် ရဲတပ်ဖွဲ့ဝင် ၈၆ ဉီး ဒဏ်ရာရရှိခဲ့ပြီး အသွားအလာကန့်သတ်ထားသည့် ကာလအတွင်း ရဲတပ်ဖွဲ့ဝင်များအပေါ် တိုက်ခိုက်မှုကြောင့် လူ ၈၂၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း မဟာရတ်ရှ်ထရာပြည်နယ် ရဲတပ်ဖွဲ့က ပြောကြားသည်။

မဟာရတ်ရှ်ထရာပြည်နယ်၌ လက်ရှိအချိန်ထိ ကျန်းမာရေးဝန်ထမ်း ၄၁ ဦးတိုက်ခိုက်ခံခဲ့ရသည်။ အသွား အလာကန့်သတ်မှု လမ်းညွှန်ချက်များ ချိုးဖောက်မှုကြောင့် လူပေါင်း ၂၂၅၄၃ ဦးကို ဖမ်းဆီးခဲ့ပြီး မော်တော်ယာဉ် ၆၉၀၄၆ စီးကို သိမ်းဆည်းခဲ့ကာ ပြစ်မှုကျူးလွန်သူများထံမှ ဒဏ်ကြေး ရူပီး ၅၁ သန်းကျော် ရရှိခဲ့သည်။

မဟာရတ်ရှ်ထရာပြည်နယ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ အဆိုးရွားဆုံးဘေးသင့်သည့် ပြည်နယ်တစ်ခုဖြစ် သည်။ ပြန်လည်သက်သာလာသူ ၁၁၇၂၆ ဉီးနှင့် သေဆုံးသူ ၁၄၅၄ ဉီး အပါအဝင် မဟာရတ်ရှ်ထရာပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်လူနာ ၄၁၆၄၂ ဉီးရှိကြောင်း ကျန်းမာရေးနှင့် မိသားစုသက်သာချောင်ချိရေးဝန်ကြီးဌာန ၏ ပြောကြားချက်အရ သိရသည်။

–ကိုးကား–
အေအင်န်အိုင်
Ref; 278 Maharashtra Police personnel test COVID-19 positive in last 48 hours


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။