Trending Now

မြစ်ကြီးနား နည်းပညာတက္ကသိုလ်မှ ဆရာ၊ ဆရာမများ နှင့် ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး

Spread the love

မြစ်ကြီးနား နည်းပညာတက္ကသိုလ်မှ ဆရာ၊ ဆရာမများ နှင့် ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၄ (၂၀၂၃)

မြစ်ကြီးနားမြို့၊ နည်းပညာတက္ကသိုလ်ကျောင်းတွင် စက်တင်လာလ ၁၃ ရက် နံနက် ၉ နာရီ အချိန်က ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအား အခြေခံ စားသောက်ကုန်များကို သက်သာဈေးနှုန်းဖြင့် ရောင်းချ ပေးခဲ့ကြောင်း သိရသည်။

နည်းပညာတက္ကသိုလ် ကျောင်းတွင် တာဝန် ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမ များနှင့် ဝန်ထမ်းများ အဆောင်နေ ကျောင်းသား၊ ကျောင်းသူများ တစ်ပတ်တာ စားရေး သောက်ရေး အဆင်ပြေစေရန် ရည်ရွယ် အခြေခံ စားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်း ဖြစ်ကြောင်း ပြည်နယ် သယံဇာတရေးဝန်ကြီး ဦးတိန့်ဆောင်က ဆိုသည်။

“ကျောင်းမှာရှိတဲ့ ဆရာ၊ ဆရာမတွေ ရယ် ဝန်ထမ်းတွေရယ် ပြီးတော့ နယ်ကနေ လာရောက်ပညာသင်ကြားတဲ့ ကျောင်းသား၊ ကျောင်းသူတွေ တစ်ပတ်တာ စားရေးသောက်ရေး အဆင်ပြေ သက်သာစေဖို့ ရည်ရွယ်ပြီး အခြေခံ စားသောက်ကုန်တွေကို သက်သာတဲ့ ဈေးနဲ့ ရောင်းချပေးခဲ့တာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

ယင်း အစီအစဉ်အား ပြည်နယ်အစိုးရ အဖွဲ့၏ လမ်းညွှန်မှုဖြင့် ကချင်ပြည်နယ် ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များ အသင်း နှင့် လုပ်ငန်းရှင်များက ဆန်၊ ဆီ၊ ကြက်ဉ၊ ကြက်သား၊ ဝက်သား၊ ငါး၊ ဟင်းသီ၊ ဟင်းရွက် စသည့် အခြေခံစားသောက်ကုန်များကို သက်သာဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။

နည်းပညာတက္ကသိုလ်မှ ဆရာ၊ ဆရာမများ နှင့် ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန် များကို သက်သာဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည့် အပေါ် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများကိုယ်စား အထူးကျေးဇူးတင်ရှိကြောင်း နည်းပညာတက္ကသိုလ် ကျောင်းအုပ် ဆရာကြီးက ဆိုသည်။

စက်တင်ဘာလ အတွင်းကစ၍ မြစ်ကြီးနား၊ မြို့ပေါ် ရပ်ကွက်ဈေးတို့တွင် အခြေခံစားသောက်ကုန်များကို ဈေးနှုန်း သက်သာစွာဖြင့် ပြည်နယ်အစိုးရ၏ ညွန်ကြားမှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ အသားငါး၊ ဟင်းသီး၊ ဟင်းရွက်တို့ကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် မြစ်ကြီးနားမြို့ပေါ်ရှိ အခြားသော တက္ကသိုလ်၊ ကျောင်းများမှ ဆရာ၊ ဆရာမများ နှင့် ဝန်ထမ်းများ အတွက် အခြေခံစားသောက်ကုန်များကို သက်သာဈေးနှုန်းများဖြင့် ဆက်လက်ရောင်းချပေးသွားရန် လျာထားကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။