Trending Now

ဧရာဝတီတိုင်းတွင် တစ်လအတွင်း ဗုံးခွဲတိုက်ခိုက် ပစ်သတ်ခံရခြင်းကြောင့် ဌာနဆိုင်ရာဝန်ထမ်း ၄ ဦးအပါအဝင်လူ ၁၁ ဦးသေဆုံးခဲ့ရ

Spread the love

ဧရာဝတီတိုင်းတွင် တစ်လအတွင်း ဗုံးခွဲတိုက်ခိုက် ပစ်သတ်ခံရခြင်းကြောင့် ဌာနဆိုင်ရာဝန်ထမ်း ၄ ဦးအပါအဝင်လူ ၁၁ ဦးသေဆုံးခဲ့ရ

EPN
ပုသိမ် ၊ နိုဝင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် တစ်လအတွင်း ပစ်သတ်ခံရခြင်းနှင့် ဗုံးခွဲတိုက်ခိုက်ခံရခြင်းကြောင့် ဌာနဆိုင်ရာဝန်ထမ်း ၄ဦးအပါအဝင်လူ ၁၁ ဦးသေဆုံးခဲ့ရကြောင်း တာဝန်ရှိသူများနှင့်ဒေသခံများထံမှ သိရသည်။

သေဆုံးခဲ့သူများတွင် ကျောင်းဆရာတစ်ဦး၊ ရဲတပ်ဖွဲ့ဝင်တစ်ဦး၊ပြည်သူ့စစ်တစ်ဦး နှင့် ယာဉ်ထိန်းရဲတစ်ဦး စုစုပေါင်း ဌာနဆိုင်ဝန်ထမ်း ၄ ဦး အပါအဝင် တစ်လအတွင်း သေနတ်ဖြင့်ပစ်သတ်ခံရ ခြင်းနှင့် ဗုံးခွဲတိုက်ခိုက်ခံရခြင်းကြောင့် ၁၁ ဦးအထိသေဆုံး ခဲ့ရကြောင်းတာဝန်ရှိသူ တစ်ဦးထံမှသိရသည်။

”ပစ်သတ်ခံရတဲ့ ဖြစ်စဉ်တွေထဲက ဌာနဆိုင်ရာဝန်ထမ်းတွေပါတယ်၊ မှတ်တမ်းတွေအရတော့ ၄ ဦးအထိရှိခဲ့တယ်၊ အရပ်သားတွေက ၇ ဦးအထိသေဆုံးခဲ့တယ် ၊ အရပ်သားတွေကသီးသန့် သပ်သပ်တိုက်ခိုက်ခံရတာ မဟုတ်ပါဘူး ၊ ရုံးတွေ ကားဂိတ်တွေ ၊ အများနဲ့ဆိုင်တဲ့နေရာတွေမှာဗုံးခွဲ တိုက်ခိုက်ခံရတာကြောင့် ထိမှန်သေဆုံးရတာပါ ။”ဟု ၎င်း ဆက်ပြော သည်။

သေနတ်ပစ်ခတ် ၊ ဗုံးခွဲတိုက်တိုက်ခိုက်ခံရသည့် ဖြစ်စဉ် များသည် ပြီးခဲ့သည့် အောက်တိုဘာ ဒုတိယအပတ်တွင်း အဖြစ်များခဲ့ပြီးလူ ၈ ဦးထက်မနည်းဆေးရုံတက်ရောက် ဆေးကုသမှု ခံယူရသည့်အခြေအနေ နှင့် ထိခိုက်ဒဏ်ရာများရရှိမှုများလည်း ရှိခဲ့ကြောင်း ဧရာဝတီတိုင်းအခြေပြု လူမှုကူညီရေးအဖွဲ့တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

”ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ လရဲ့ ဒုတိယအပတ် လောက် မှာဆို နေ့စဉ် ပစ်သတ်ခံရတဲ့ ဖြစ်စဉ်တွေရှိခဲ့တာ ၊ လူ့ အသက်တွေ ဒီလောက်ပေါသလားမသိဘူးလို့ပြောမိခဲ့ သေးတယ် ၊ အပြင်းအထန် ဒဏ်ရာရရှိလို့ ကျွန်တော် ပရဟိတအဖွဲ့တွေကြီးပဲ ဆေးရုံပို့ပေးရတဲ့လူနာကမနည်းဘူး ၊ ဟင်္သာတမြို့မှာ ဒလန်ဆိုပြီး လမ်းဘေးမှာ ဈေးရောင်းတဲ့ အမျိုးသမီး တစ်ဦးကို ပစ်သတ်တာ အမျိုးသမီးက သူများအိမ်ထဲဝင်ပြေးလို့ ဒဏ်ရာပဲရရှိခဲ့ တာ၊ ပစ်သတ်တဲ့အဖွဲ့တွေက ဘယ်အဖွဲ့ဆိုတာ မသိရ ဘူး။”ဟု ၎င်း ဆက်ပြောသည်။

ဗုံးခွဲတိုက်ခိုက် ၊ ပစ်သတ်ခံရခြင်းကြောင့် သေဆုံးခဲ့ရသူနှင့်ဒဏ်ရာရရှိသူများသည် ရေကြည် ၊ မအူပင် ၊ ဖျာပုံ ၊ ပန်းတနော် ၊ ဝါးခယ်မ ၊ မော်လမြိုင်ကျွန်း ၊ ဘိုကလေး ၊ ဟင်္သာတ ၊ ကျုံပျော် ၊ ပုသိမ်စသည့်မြို့နယ်များမှဖြစ်ကြောင်း သိရသည်။

သူရ
No photo description available.

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။