Trending Now

နန်းယွန်းမြို့တွင် တစ်လနီးပါး ဖုန်းလိုင်းပြတ်တောက်ရာမှ ပြန်လည်ရရှိ

Spread the love

နန်းယွန်းမြို့တွင် တစ်လနီးပါး ဖုန်းလိုင်းပြတ်တောက်ရာမှ ပြန်လည်ရရှိ

EPN
မြစ်ကြီးနား၊ မတ် ၂‌‌၈ (၂၀၂၄)

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့တွင် တစ်လနီးပါး ဖုန်းလိုင်းပြတ်တောက်ရာမှ ပြန်လည် ရရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

နန်းယွန်းမြို့တွင် ပြီးခဲ့သည့် မတ်လအစောပိုင်းမှ စတင်ပြီး နန်းယွန်းမြို့သို့ သွယ်တန်းထားသည့် ဖိုက်ဘာကြိုးများ ၂၁ မိုင်နေရာတွင် ပျက်စီးမှုရှိနေသည့်အတွက် ဖုန်းလိုင်းများ ရက်၂၀ ကျော်ကြာ ပြတ်တောက်ခဲ့ရာမှ ပြန်လည်ရရှိပြီဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

” လိုင်းပျက်သွားတာက တစ်လနီးပါးလောက်ကြာတယ်။ ဟိုနေ့ကမှ ပြန်ရတာ။ လိုင်းရလည်း ဒီဘက်ကတော့ ပုံမှန်ပါပဲ။ ဖုန်းပြောတာလောက်ပဲ ရတာပါ။ အင်တာနက်လိုင်းကတော့ မရတာ လေးနှစ်နီးပါးရှိနေပြီ ” ဟု ၎င်းကဆိုသည်။

နန်းယွန်းမြို့တွင် MPTနှင့် CDMAလိုင်းနှစ်ခုသာရရှိကာ အင်တာနက်လိုင်းမှာလည်း 2G သာရရှိကြောင်း သိရပြီး၊ အဆိုပါ ဖုန်းလိုင်မှာလည်း မကြာခဏပြတ်တောက်လျက်ရှိကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။