Trending Now

စစ်ကိုင်းမှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့နဲ့ အကြမ်းဖက် သမားတွေ တိုက်ပွဲဖြစ်

Spread the love

စစ်ကိုင်းမှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့နဲ့ အကြမ်းဖက် သမားတွေ တိုက်ပွဲဖြစ်

EPN

စစ်ကိုင်း ၊ မေ ၉

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ကုန်းတန်းလေး ကျေးရွာမှာ ဒီကနေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်က နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့နဲ့ အကြမ်းဖက်သမားတွေ ထိတွေ့တိုက်ပဲွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” ရွာထဲက ဓမ္မာရုံမှာ အခြေပြုနေတဲ့ အကြမ်းဖက် PDF တွေနဲ့ ရွာထဲဝင်လာတဲ့ စစ်ကြောင်းအဖွဲ့နဲ့ ပစ်ခတ်ကြတာပါ ” လို့ ကုန်းတန်းလေးရွာခံ တစ်ယောက်က ပြောပါတယ်။

အဲ့ဒီ တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကိုင်းမြို့နယ် လုံခြုံရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦး ရှင်းပြတာက ” တူမီးသေနတ်အရှည် ၉ လက် ၊ လက်လုပ်သေနတ်အရှည် ၁ လက် ၊လက်လုပ် ၁၂ ဗို့ သေနတ် ၂ လက် ၊ ၇.၆၂ မမကျည် ၁၅ တောင့် ၊ တူမီးကျည် ၉၆ တောင့် ၊ ၁၂ ဗို့ကျည် ၁၅ တောင့်။လက်လုပ်မိုင်း ၂၀ လုံး ၊ ကျည်ကာအင်္ကျီ(အနက်ရောင်)၂ထည် အကြမ်းဖက်သမားတွေဆီက သိမ်းဆည်းရမိတယ် ” လို့ ဖြစ်ပါတယ်။

ဒါ့အပြင် မုံရွာခရိုင် ၊ အရာတော်မြို့နယ် ၊ နောင်ကြီးကျေးရွာရဲ့ မြောက်ဘက္မှာလည်း အလားတူ ထိတွေ့ တိုက်ပဲွဲဖြစ်ခဲ့တယ်လို့ရပါတယ်။

အဲ့ဒီ တိုက်ပွဲနဲ့ ပတ်သက်ပြီး အရာတော်မြို့နယ် လုံခြုံရေးအဖွဲ့ ၊ တာဝန်ရှိသူတစ်ဦး ပြောတာက ” နောင်ကြီးအိုင်ကျေးရွာရဲ့ မြောက်ဘက္မှာ လုံခြုံရေးဆောင်ရွက်စဉ် PDF အကြမ်းဖက် များနှင့်တိုက်ပွဲဖြစ်ပွားတဲ့အခါ အကြမ်းဖက် ကျား ၆ လောင်း၊ လက်လုပ်သေနတ် ၇ လက်၊ လက်လုပ်လက်ပစ်ဗုံး ၂ လုံး၊ ၅.၅၆ ကျည် ၁၀ တောင့် သိမ်းဆည်းရမိတယ် ” လို့ဖြစ်ပါတယ်။

အဲ့ဒီ ထိတွေ့တိုက်ပွဲဖြစ်စဥ်တွေမှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းဘက်က ထိခိုက်ကျဆုံးတာတွေ မရှိဘူးလို့ သိရပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။