Trending Now

တနိုင်းမြို့နယ်အတွင်းရှိ ပယင်း၊ရွှေသတ္ထု အသေးစားနှင့်လက်လုပ်လက်စား တူးဖော်ထုတ်လုပ်ခွင့်ကို ကွင်းဆင်းဆောင်ရွက်ပြီးမှ ခွင့်ပြု သွားမည်”ဟု ပြည်ထောင်စု ဒုဝန်ကြီးပြော

Spread the love

 

တနိုင်းမြို့နယ်အတွင်းရှိ ပယင်း၊ရွှေသတ္ထု အသေးစားနှင့်လက်လုပ်လက်စား တူးဖော်ထုတ်လုပ်ခွင့်ကို ကွင်းဆင်းဆောင်ရွက်ပြီးမှ ခွင့်ပြု သွားမည်”ဟု ပြည်ထောင်စု ဒုဝန်ကြီးပြော

EPN
မြစ်ကြီးနား၊ဖေဖော်ဝါရီ ၉

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ဟူးကောင်းချိုင့့်ဝှမ်းဒေသရှိ ရတနာနယ်မြေများတွင် ကွင်းဆင်း စစ်ဆေးပြီးပါက ပယင်း၊ရွှေသတ္ထု တို့နှင့်စပ်လျဉ်သည့် အသေးစားနှင့် လက်လုပ်လက်စား တူး ဖော်ထုတ်လုပ်ခွင့်ကို ခွင့်ပြုသွားမည်ဖြစ်ကြောင်း
ပြည်ထောင်စု သယံဇာတ နှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဒုဝန်ကြီးက ပြောကြားလိုက်သည်။

ယမန်နေ့က ပြုလုပ်ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမနေ့တွင် တနိုင်းမဲဆန္ဒနယ်မှ ဦးလင်းလင်းဦးက တနိုင်းမြို့နယ်တွင် ပယင်း၊ ရွှေသတ္တုတို့နှင့် စပ်လျဉ်း၍ အသေးစား နှင့် လက်လုပ်လက်စား တူးဖော်ထုတ်လုပ်ခွင့်ကို ခွင့်ပြုနိုင်ရေးအတွက် မည်ကဲ့သို့ဆောင်ရွက်နေကြောင်းကို သိလိုခြင်း နှင့် စပ်လျဉ်း၍ မေးမြန်းခဲ့သည့် အပေါ် သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဒုဝန်ကြီးဒေါက်ရဲမြင့်ဆွေ ကယခုကဲ့သို့ဖြေကြားပေးခဲ့သည်။

“တနိုင်းမြို့နယ်၊ နန်ဗျူ ၊ ဇီးဖြူ ကုန်း၊လဘူခ၊ ဝေလောဒေသများအတွင်းက ရွှေအသေးစားလုပ်ကွက် ကုမ္ပဏီ ၁၅ ခုထဲက လုပ်ကွက် ၅၂ ကွက်ကို နယ်မြေဒေသ လုံခြုံရေးအခြေအနေအရ ကွင်းဆင်း မစစ်ဆေးနိုင်သေးတာပါ၊ ၁၄-၈-၂၀၁၈ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ပြည်နယ် လုပ်ကွက်စိစစ်ချထားရေးအဖွဲ့ရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၈/၂၀၁၈)ဆုံးဖြတ် ချက်အရ တနိုင်းမြို့နယ်အတွင်းမှာ ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းမျတွေ ကို ခေတ္တဆိုင်းငံ့ထားပါတယ်၊အကယ်၍ အဲ့ဒီလုပ်ကွက်တွေကို ကွင်းဆင်းစစ်ဆေးပြီးပါက အသေးစား၊ လက်လုပ်လက်စားလုပ်ကွက်များ အတွက် ဧရိယာသတ်မှတ်ခွင့်ပြုပေးနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဒုဝန်ကြီးဒေါက်တာရဲမြင့်ဆွေ ကဖြေကြားခဲ့သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ပြည်ထောင်စု အစိုး ရအဖွဲ့ ၏ သဘောတူညီချက်ဖြင့် တိုင်းဒေသကြီး /ပြည်နယ် ဓာတ်သတ္တုအသေးစား (သို့မဟုတ် )လက်လုပ် လက်စားလုပ်ကွက် စိစစ်ချထား ရေးအဖွဲ့ကို ၂၀၁၈ခုနှစ် ဖေဖေါ်ဝါရီလ၁၃ ရက်နေ့ တွင် ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ ရှင်ဗွေယန်ဟူး ကောင်း ချိုင့်ဝှမ်းဒေသတွင် ကချင်ပြည်နယ်အစိုး ရအဖွဲ့မှ
စီမံခန့်ခွဲမည့် ရွှေသတ္တု အသေးစား လက်လုပ် လက်စားလုပ်ကိုင်ခွင့်အတွက် ဝန်ကြီးဌာနမှ( ၆-၉-၂၀၁၈) ရက်စွဲပါစာဖြင့် သတ်မှတ်ပေး ခဲ့ပြီး ဖြစ်သည့်အတွက် မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်း ဥပဒေ၊ အမိန့်ကြော်ငြာစာများနှင့်အညီ ပြည်နယ်
အစိုးရအဖွဲ့မှ ဆက်လက်ဆောင်ရွက် ပေးသွား နိုင်ပြီဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

လွမ်းအောင်

Photo, ပြည်သူ့လွှတ်တော် FB


EPN







Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။