Trending Now

ကရင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် လူဦးရေ (၁၇,၀၀၀) ခန့် နေရပ်စွန့်ခွာတိမ်း ရှောင်နေရ United Nations OCHA Myanmar ထုတ်ပြန်

Spread the love

ကရင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် လူဦးရေ (၁၇,၀၀၀) ခန့် နေရပ်စွန့်ခွာတိမ်း ရှောင်နေရ United Nations OCHA Myanmar ထုတ်ပြန်

EPN
နေပြည်တော်၊ ဖေဖော်ဝါရီ ၉

ကရင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ကျေးရွာ (၂၀) က လူဦးရေ (၁၇,၀၀၀) ခန့် နေရပ်စွန့်ခွာတိမ်း ရှောင်နေရကြောင်း United Nations OCHA Myanmarမှ ထုတ်ပြန်ထားသည်။

၂၀၂၂ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းမှစတင်ကာ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် အနီးပတ်ဝန်းကျင်တွင် တပ်မတော်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခြင်း ကြောင့် ကရင်ပြည်နယ်အတွင်း လုံခြုံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများသည် စိုးရိမ်စရာဖြစ်နေ ကြောင်း၊ တိုက်ပွဲများကြောင့် ကျေးရွာ ၂၀ က လူဦးရေ ၁၇,၀၀၀ ခန့်ဟာ နေရပ်စွန့်ခွာတိမ်းရှောင်နေရပြီး လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ်အနီးရှိ တောတောင်များထဲတွင် ခုံလှုံနေကြရကာ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာအကူအညီများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ထိုပြင် ဝေးလံခေါင်သီသည့် ဒေသများတွင် နေထိုင်နေကြရသည့် စစ်ရှောင်ပြည်သူများထံသို့ လူသားချင်း စာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ အနေနှင့် ရောက်ရှိ အကူအညီပေးနိုင်ရန် အခက်အခဲများ ရင်ဆိုင် နေရကြောင်း ထုတ်ပြန်ထားသည်။

၂၀၂၃ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့အထိ ကုလသမဂ္ဂနောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံအရှေ့ တောင်ပိုင်းတွင် အိုးအိမ်စွန့်ခွာနေထိုင်ရသူဦးရေ ၃၆၁,၀၀၀ အထိများပြားလာပြီး၊ မြန်မာနိုင်ငံတစ်ဝန်းမှာတော့ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁ ဒသမ ၅ သန်းကျော် ရှိလာပြီဖြစ်ကြောင်း United Nations OCHA Myanmar မှ ထုတ်ပြန်ထားသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။