Trending Now

ရမ်ပူရပ်ကွက် ဘုန်းကြီးကျောင်းတစ်ခုအတွင်း ဖုန်းနှစ်လုံးနှင့် ငွေသားအချို့ဝင်ရောက်ခိုးယူမှုဖြစ်ပွားခဲ့

Spread the love

ရမ်ပူရပ်ကွက် ဘုန်းကြီးကျောင်းတစ်ခုအတွင်း ဖုန်းနှစ်လုံးနှင့် ငွေသားအချို့ဝင်ရောက်ခိုးယူမှုဖြစ်ပွားခဲ့

EPN
မြစ်ကြီးနား ၊ဇွန် ၂၂

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် နယ်‌မြေ (၁၀) ဆုထူးပန်းကျောင်းတိုက်ရှိ ကျောင်းထိုင်ဆရာတော်၏ အိပ်ခန်းအတွင်းမှ I phone တစ်လုံး နှင့် samsung note ဖုန်း တစ်လုံးအပါအဝင် ငွေသားတစ်ချို့အား ခိုးယူသွားသည့် ဖြစ်စဉ်တစ်ခု ယမန်နေ့ နေလည် ၁၁ နာရီ ဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ကျောင်းတိုက်ဆရာတော်မှ ကျောင်းဆောင်အရှေ့တွင် ရေချိုးနေစဉ် အနောက် အုတ်တံတိုင်းမှကျော်တတ်ကာ ဆရာတော်၏ အိပ်ခန်းဆောင်အတွင်း ဝင်ရောက်ခိုးယူခံခဲ့ရခြင်းဖြစ်ပြီး ဆရာတော် အသုံးပြုနေသည့် ဖုန်းနှစ်လုံး အပါအဝင် ငွေငါးသောင်းခန့် ပါသွားကြောင်း ဆရာတော်၏ ဒါယိကာ တစ်ဦးက ပြောဆိုသည်။

“ဆေးသမားအများစု ဘုန်းကြီးကျောင်းနားမှာ ရောင်းတာ သုံးတာတွေ လာလုပ်လေ့ရှိတယ် အနောက် အုတ်တံတိုင်းကနေ ကျော်တတ်ပြီး ဝင်ခိုးသွားတာ ကျောင်းမှာက ဆရာတော်အပါအဝင် လေးပါးပဲ ရှိတာ အခုဝင်ခိုးတာကလည်း ဆေးသမားတွေပဲ ဖြစ်ဖို့များတယ် ဆရာတော်က တိုင်ချက်တော့ မဖွင့်ထားဘူး”ဟု ၎င်းက ပြောဆိုသည်။

ရမ်ပူရပ်ကွက်တွင် ယခုနှစ်နောက်ပိုင်း၌ မူးယစ်ဆေးသုံးစွဲသူများပြားလာသည့် အပြင်ခိုးဆိုးလုနှိုက် ဓါးပြတိုက်လုယှက်မှုများတိုးလာသည့် အတွက် နယ်‌မြေခံ တာဝန်ရှိသူများ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သင့်ကြောင်း ရပ်ကွက်နေတစ်ဦးက ထည့်သွင်းပြောသည်။

“ဆေးသမားတွေကို ထိရောက်တဲ့ပြစ်ဒဏ်ပေးသင့်ပြီး ဆေးနည်းလို့ သုံးစွဲသူမို့ ပြန်လွတ်ပေးတာ မလုပ်သင့်တော့ဘူး ဆေးသမားတွေကြောင့် ရပ်ကွက် နာမည်ပျက်တယ် တာဝန်ကျသူတွေ တာဝန်ရှိသူတွေအနေနဲ့ ပြင်းထန်တဲ့ အပြစ်ပေးဒါမျိုးလုပ်သင့်တယ် “ဟု မူးယစ်တိုက်ဖျက်ရေး သမားတစ်ဦးကပြောသည်။

ရမ်ပူရပ်ကွက်တွင် နယ်ခံမဟုတ်သည့် ဆေးသမားများ အခြားရပ်ကွက်ဆေးသမားများ စုပေါင်း၍ မူးယစ် ဆေးရောင်းချမှုများ ခိုးဆိုးလုနှိုက်များအား ပိုမိုကျူးလွန်လာကြကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။