Trending Now

နည်းပညာပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ပါကစ္စတန်ဘက်ကို ဒုံးကျည် မတော်တဆ ပစ်လွတ်မိခဲ့တယ်လို့ အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာနပြော

Spread the love

နည်းပညာပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ပါကစ္စတန်ဘက်ကို ဒုံးကျည် မတော်တဆ ပစ်လွတ်မိခဲ့တယ်လို့ အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာနပြော

EPN
နိုင်ငံတကာ၊ မတ် ၁၂

နည်းပညာပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့က ပါကစ္စတန်ဘက်ကို ဒုံးကျည် မတော်တဆ ပစ်လွတ်မိခဲ့တယ်လို့ အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာနပြောက ပြောဆိုလိုက်ပါတယ်။

ပုံမှန်ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်း ဆောင်ရွက်နေစဉ် နည်းပညာ ချို့ယွင်းမှုကြောင့် အခုလိုဖြစ်ပွားခဲ့ရတာဖြစ်တယ်လို့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက မတ် ၁၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

“ပါကစ္စတန်နိုင်ငံရှိ ဒေသတစ်ခုမှာ ဒုံးကျည်ကျရောက်ခဲ့တယ်လို့ သတင်းရရှိထားပါတယ်။ ဒီဖြစ်ရပ်ဟာ အရမ်းဝမ်းနည်းဖွယ်ကောင်းပါတယ်။ ဒါပေမဲ့ မတော်တဆမှုကြောင့် လူတွေထိခိုက်သေဆုံးမှုမရှိခဲ့တာ ကံကောင်းပါတယ်။” လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အိန္ဒိယနိုင်ငံ အစိုးရက အဆိုပါကိစ္စကို အလေးအနက်ထားပြီး အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဒုံးကျည် အမျိုးအစားကို ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားခြင်း မရှိခဲ့ပေမယ့် အိန္ဒိယ မီဒီယာများက ယင်းဒုံးကျည်မှာ “BrahMos” ခေါ် အသံထက်မြန်သော ခရုဇ်ဒုံးကျည် ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။

Source – xinhua


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။