Trending Now

မော်လမြိုင်လေဆိပ်ကို နေရာသစ်ပြောင်းရွှေ့မည်ဟုဆို

Spread the love

မော်လမြိုင်လေဆိပ်ကို နေရာသစ်ပြောင်းရွှေ့မည်ဟုဆို

EPN
မြစ်ကြီးနား၊

မွန်ပြည်နယ် တရားရုံးချုပ် ဖွင့်ပွဲအခမ်းအနားအပြီး ဒီဇင်ဘာ ၂၀ ရက်က မော်လမြိုင်လေဆိပ်ကို လာရောက်စစ်ဆေးစဉ် မော်လမြိုင်လေဆိပ်ကို နေရာသစ်ပြောင်းရွှေ့မည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားသည်။

လက်ရှိတည်နေရာသည် မြို့တွင်းနှင့် တက္ကသိုလ်နယ်မြေများနှင့် နီးကပ်နေသောကြောင့် မော်လမြိုင်လေဆိပ်ကို ပျံသန်းမှုတိုးချဲ့ရန်နှင့် ပြေးလမ်းတိုးချဲ့ရန်အတွက် နေရာအသစ်သို့ ပြောင်းရွှေ့ရန် အစီအစဉ်များ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရန်အတွက် ပြည်တွင်းလေကြောင်းလိုင်းများမှ ပျံသန်းမှု အမျိုးအစားအားလုံးအတွက် ဆင်းသက်နိုင်ရန် နှင့် စံပြလေဆိပ်တစ်ခု ဖြစ်လာရန် မျှော်မှန်းထားကြောင်း သိရသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။