Trending Now
Spread the love

နယူးယောက်မြို့တွင် ကာကွယ်ဆေးထိုးရန် ငြင်းဆိုခဲ့သည့် အလုပ်သမား ၁၄၀၀ ကျော်ကို အလုပ်မှထုတ်ပယ်
EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၈
အမေရိကန်နိုင်ငံ နယူးယောက်မြို့တော်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုခံယူရန် ငြင်းဆန်သည့် စည်ပင်ဝန်ထမ်း ၁၄၀၀ ကျော်အား အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း နယူးယောက်စီးတီးတာဝန်ရှိသူများက ပြောကြားခဲ့သည်။
အဆိုပါ အလုပ်မှ ထုတ်ပယ်ကြောင်း ကြေညာချက်ကို နယူးယောက်စီးတီး မြို့တော်ဝန် အဲရစ်အက်ဒန်ရုံးက ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ချမှတ်ခဲ့ခြင်း ဖြစ်သည်။
နယူးယောက်မြို့တော်ရှိ ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းဆရာ ဆရာမများနှင့် အခြားသော ဝန်ထမ်းများသည် သက်ဆိုင်ရာ ဌာနများတွင် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးနှံမှုခံယူရန် လိုအပ်သည်။
ပြီးခဲ့သည့်အောက်တိုဘာလအထိ ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းမရှိသေးသည့် သက်ဆိုင်ရာ ဝန်ထမ်းများကို လုပ်ငန်းခွင်သို့ ဝင်ရောက်ခွင့်မပြုဘဲ လစာမဲ့ခွင့်ဖြင့် ခွင့်ရက်ရှည်ထားရှိကြောင်း သိရသည်။
မြို့တော်အတွင်းရှိ ကာကွယ်ဆေးထိုးနှံမှုခံယူ ခြင်းမရှိသေးသည့် ဝန်ထမ်းအရေအတွက် ၂၄၀၀ ကို ကာကွယ်ဆေးထိုးနှံမှု ခံယူရန်အတွက် ဖေဖော်ဝါရီ ၁၁ ရက်ကို နောက်ဆုံး နေ့ရက်အဖြစ် သတ်မှတ်ထားခဲ့သည်။
ယင်းနောက် သတ်မှတ်ရက်ကျော်လွန်ကာ ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းမရှိသည့် စည်ပင်ဝန်ထမ်း ၁၄၀၀ ကျော်အား အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း မြို့တော်၀န်ရုံးက ပြောကြားခဲ့သည်။
မြို့တော်အတွင်းရှိ လူပေါင်း ၃၇၀,၀၀၀ ၏ ၈၅ ရာခိုင်နှုန်းခန့်သည် ပြီးခဲ့သော အောက်တိုဘာလတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ် ထိုးနှံပြီးစီးခဲ့ပြီဖြစ်ပြီး ယခုလအတွင်း ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ဆေး ထိုးနှံထားပြီဖြစ်သည်။
— ကိုးကား —
NHK
Ref; New York City fires more than 1,400 workers for refusing vaccinations

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။