Trending Now

မိုးညႇင္းခ႐ုိင္အတြင္းရွိ ၿမိဳ႕နယ္မ်ားတြင္ တၿပိဳင္နက္၊ တခ်ိန္တည္း အတြင္း ႏွစ္ဦးကုသိုလ္အလွဴဒါနျပဳ

Spread the love

မိုးညႇင္းခ႐ုိင္အတြင္းရွိ ၿမိဳ႕နယ္မ်ားတြင္တၿပိဳင္နက္၊ တခ်ိန္တည္းအတြင္း ႏွစ္ဦးကုသိုလ္အလွဴဒါနျပ

EPN
မိုးညႇင္း၊ ေမ ၇

ယခုႏွစ္ဆန္းအတြင္း မိုးညႇင္းခရိုင္အတြင္း ယာဥ္တိုက္မႈ၊ ၊ လုယက္မႈ၊ ေျမၿပိဳမႈ တို႕ေၾကာင့္ လူအမ်ားအျပား ေသဆံုးမႈျဖစ္ပြားလွ်က္ရွိေန၍ မိုးညႇင္းခရိုင္စီမံခန္႕ခြဲမႈေကာ္မတီ၏ ႀကီးမွဴး၍ မိုးညႇင္းခ႐ုိင္အတြင္းရွိ ၿမိဳ႕နယ္မ်ားတြင္ တခ်ိန္တည္း၊ တၿပိဳင္တည္း ႏွစ္ဦးကုသိုလ္ အလွဴဒါနျပဳျခင္း၊ အႏၲရာယ္ကင္း ပရိတ္တရားေတာ္ ရြတ္ဖတ္ျခင္းႏွင့္ ပရိတ္ေရျဖန္းျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

မုိးညွင္းခရုိင္စီမံခန္႕ခြဲမွဳေကာ္မတီဥကၠ႒ ခရုိင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ခရုိင္အုပ္ခ်ဳပ္ေရးမွဴး၏ စီမံႀကီးၾကပ္မွဳျဖင့္ ခရုိင္/ျမိဳ႕နယ္အဆင့္ ဌာနဆုိင္ရာ ဝန္ထမ္းမ်ားမွ ၁၃၈၁ ခုႏွစ္ ႏွစ္ဦးကုသုိလ္ ဒါနအျဖစ္ ေမလ ၆ ရက္ေန႕တြင္ မုိးညႇင္းျမိဳ႕ေအာင္သေျပရပ္ကြက္ စိန္႕ပက္ထရစ္ ဘုရားေက်ာင္း တြင္ ဖြင့္လွစ္ထားေသာ စစ္ေဘးေရွာင္ IDP Camp မွ မိသားစုဝင္ ၆၇ဦး၊ မုိးညွင္းျမိဳ႕အုတ္က်င္း ရပ္ကြက္ရွိ ရွမ္းျပည္နယ္မွ ေရာက္ရွိလာသည့္ စစ္ေဘးေရွာင္မိသားစုဝင္ ၈၉ဦး၊ မုိးညွင္း အက်ဥ္းေထာင္မွ အက်ဥ္သား/သူ ၂၀၁၈ ဦး တို႕အား ေန႕လည္စာ ထမင္းျဖင့္ ဧည့္ခံေကၽြးေမြးခဲ့သည္။

ဆက္လက္၍ အေရွ႕စုရပ္ကြက္ အထက(၁)တြင္ Grade-3 သင္တန္းတြင္ သရုပ္ျပ တက္ေရာက္ ေနသည့္ ေက်ာင္းသား/သူ ၁၂၀ဦးႏွင့္ ျမိဳ႕ေပၚေက်ာင္း ၆ေက်ာင္းမွ ႀကီးႀကပ္ဆရာ/မ ၁၂ဦး ေပါင္း ၁၃၂ဦး အား အခ်ိဳရည္ေရသန္႕ႏွင့္ မုန္႕မ်ားျဖင့္လည္းေကာင္း၊ Grade-3 သင္တန္းတက္ေရာက္ ေနသည့္ ခရုိင္အတြင္းရွိ ဆရာ/မမ်ား ႀကီးႀကပ္ဆရာ/မမ်ားနည္းျပ ဆရာ/မမ်ား စုစုေပါင္း၂၈၁ဦး အားေန႕လည္စာထမင္းျဖင့္ လည္းေကာင္း၊ မုိးညွင္းရဲစခန္းအခ်ဳပ္တရားခံ ၁၂ဦး အား ေန႕လည္ စာထမင္းထုပ္မ်ားျဖင့္လည္းေကာင္း၊ မုိးညွင္းခရုိင္ ေဆးရုံႀကီးတြင္ တက္ေရာက္ ကုသေနေသာလူနာ ၉၇ဦး၊ ဝန္ထမ္း၆၀ဦး ေပါင္း ၁၅၇ဦး အား ညစာထမင္းျဖင့္လည္းေကာင္း ဧည့္ခံေကၽြးေမြးခဲ့ေၾကာင္း သိရသည္။

ထို႕အျပင္ ေမလ ၇ ရက္ေန႕တြင္ မိုးညႇင္းၿမိဳ႕ ၿမိဳ႕ေတာ္ခန္းတြင္ ဆရာေတာ္/သံဃာေတာ္မ်ားအား ပင့္ဖိတ္၍ ပရိတ္ တရားနားယူၿပီး ေန႕ဆြမ္းဆက္ကပ္ျခင္း၊ တက္ေရာက္လာေသာ ဌာနဆိုင္ရာမ်ားႏွင့္ လူမႈေရးအသင္းအဖြဲ႔မ်ားကို အာဟာရဒါန နံနက္စာျဖင့္ဧည့္ခံေကြၽးေမြးျခင္း၊ အႏၲရာယ္ကင္း ပရိတ္ေရမ်ား ခြဲေ၀ေပးခဲ့သည္။

ထို႕ေနာက္ အႏၲရာယ္ကင္းပရိတ္ေရမ်ားကို မိုးညႇင္းၿမိဳ႕နယ္အတြင္း ပက္ျဖန္းရန္ လူမႈေရး အသင္းအဖြဲ႔မ်ားမွ (၁) ဟိုပင္ နန္႔ရင္း ဆင္ဘိုသြားလမ္းပိုင္း၊ (၂) မိုးညင္း နန္းမား ဟိုပင္ ငါးမိုင္ ပရိတ္ေရပက္ဖ်န္းေရးအဖြဲ႔၊ (၃)လယ္မွိး တကြင္း ဟိုပင္ ေဇာတိကုန္း ရြာသစ္ႀကီး ၇မိုင္ အင္းေတာ္ႀကီး အဖြဲ႔၊ (၄)ေမတၱာမြန္လူမႈကူညီေရးကား(မိုးညႇင္း ဟိုပင္ နန္႔မြန္း ျပည္ေထာင္စုလမ္း)၊ (၅) ေမတၱာမြန္လူမႈကူညီေရးကား(မိုးညႇင္း ဟိုပင္ နန္းမား)၊ (၆) ေမတၱာမြန္လူမႈကူညီေရးကား(မိုးညႇင္း ပင္လံု)၊ 7-ဘီလူးလူမႈကူညီေရးေမာ္ေတာ္ကား (မိုးညႇင္း ဘီလူး နန္႔မြန္း) အဖြဲ႔ ၇ဖြဲ႕ ခြဲ၍ လူမႈေရးကား ၇ စီးျဖင့္ မိုးညႇင္းခ႐ိုင္အတြင္း႐ွိၿမိဳ႕နယ္မ်ား တခ်ိန္တည္း တၿပိဳင္တည္းေဆာင္ရြက္ခဲ့ၾကသည္။
—————————————————————

မိုးညှင်းခရိုင်အတွင်းရှိ မြို့နယ်များတွင် တပြိုင်နက်၊ တချိန်တည်း အတွင်း နှစ်ဦးကုသိုလ်အလှူဒါနပြု

EPN
မိုးညှင်း၊ မေ ၇

ယခုနှစ်ဆန်းအတွင်း မိုးညှင်းခရိုင်အတွင်း ယာဉ်တိုက်မှု၊ ၊ လုယက်မှု၊ မြေပြိုမှု တို့ကြောင့် လူအများအပြား သေဆုံးမှုဖြစ်ပွားလျှက်ရှိနေ၍ မိုးညှင်းခရိုင်စီမံခန့်ခွဲမှုကော်မတီ၏ ကြီးမှူး၍ မိုးညှင်းခရိုင်အတွင်းရှိ မြို့နယ်များတွင် တချိန်တည်း၊ တပြိုင်တည်း နှစ်ဦးကုသိုလ် အလှူဒါနပြုခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ခြင်းနှင့် ပရိတ်ရေဖြန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးညှင်းခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး၏ စီမံကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများမှ ၁၃၈၁ ခုနှစ် နှစ်ဦးကုသိုလ် ဒါနအဖြစ် မေလ ၆ ရက်နေ့တွင် မိုးညှင်းမြို့အောင်သပြေရပ်ကွက် စိန့်ပက်ထရစ် ဘုရားကျောင်း တွင် ဖွင့်လှစ်ထားသော စစ်ဘေးရှောင် IDP Camp မှ မိသားစုဝင် ၆၇ဦး၊ မိုးညှင်းမြို့အုတ်ကျင်း ရပ်ကွက်ရှိ ရှမ်းပြည်နယ်မှ ရောက်ရှိလာသည့် စစ်ဘေးရှောင်မိသားစုဝင် ၈၉ဦး၊ မိုးညှင်း အကျဉ်းထောင်မှ အကျဉ်သား/သူ ၂၀၁၈ ဦး တို့အား နေ့လည်စာ ထမင်းဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။

ဆက်လက်၍ အရှေ့စုရပ်ကွက် အထက(၁)တွင် Grade-3 သင်တန်းတွင် သရုပ်ပြ တက်ရောက် နေသည့် ကျောင်းသား/သူ ၁၂၀ဦးနှင့် မြို့ပေါ်ကျောင်း ၆ကျောင်းမှ ကြီးကြပ်ဆရာ/မ ၁၂ဦး ပေါင်း ၁၃၂ဦး အား အချိုရည်ရေသန့်နှင့် မုန့်များဖြင့်လည်းကောင်း၊ Grade-3 သင်တန်းတက်ရောက် နေသည့် ခရိုင်အတွင်းရှိ ဆရာ/မများ ကြီးကြပ်ဆရာ/မများနည်းပြ ဆရာ/မများ စုစုပေါင်း၂၈၁ဦး အားနေ့လည်စာထမင်းဖြင့် လည်းကောင်း၊ မိုးညှင်းရဲစခန်းအချုပ်တရားခံ ၁၂ဦး အား နေ့လည် စာထမင်းထုပ်များဖြင့်လည်းကောင်း၊ မိုးညှင်းခရိုင် ဆေးရုံကြီးတွင် တက်ရောက် ကုသနေသောလူနာ ၉၇ဦး၊ ဝန်ထမ်း၆၀ဦး ပေါင်း ၁၅၇ဦး အား ညစာထမင်းဖြင့်လည်းကောင်း ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် မေလ ၇ ရက်နေ့တွင် မိုးညှင်းမြို့ မြို့တော်ခန်းတွင် ဆရာတော်/သံဃာတော်များအား ပင့်ဖိတ်၍ ပရိတ် တရားနားယူပြီး နေ့ဆွမ်းဆက်ကပ်ခြင်း၊ တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များကို အာဟာရဒါန နံနက်စာဖြင့်ဧည့်ခံကျွေးမွေးခြင်း၊ အန္တရာယ်ကင်း ပရိတ်ရေများ ခွဲဝေပေးခဲ့သည်။

ထို့နောက် အန္တရာယ်ကင်းပရိတ်ရေများကို မိုးညှင်းမြို့နယ်အတွင်း ပက်ဖြန်းရန် လူမှုရေး အသင်းအဖွဲ့များမှ (၁) ဟိုပင် နန့်ရင်း ဆင်ဘိုသွားလမ်းပိုင်း၊ (၂) မိုးညင်း နန်းမား ဟိုပင် ငါးမိုင် ပရိတ်ရေပက်ဖျန်းရေးအဖွဲ့၊ (၃)လယ်မှိး တကွင်း ဟိုပင် ဇောတိကုန်း ရွာသစ်ကြီး ၇မိုင် အင်းတော်ကြီး အဖွဲ့၊ (၄)မေတ္တာမွန်လူမှုကူညီရေးကား(မိုးညှင်း ဟိုပင် နန့်မွန်း ပြည်ထောင်စုလမ်း)၊ (၅) မေတ္တာမွန်လူမှုကူညီရေးကား(မိုးညှင်း ဟိုပင် နန်းမား)၊ (၆) မေတ္တာမွန်လူမှုကူညီရေးကား(မိုးညှင်း ပင်လုံ)၊ 7-ဘီလူးလူမှုကူညီရေးမော်တော်ကား (မိုးညှင်း ဘီလူး နန့်မွန်း) အဖွဲ့ ၇ဖွဲ့ ခွဲ၍ လူမှုရေးကား ၇ စီးဖြင့် မိုးညှင်းခရိုင်အတွင်းရှိမြို့နယ်များ တချိန်တည်း တပြိုင်တည်းဆောင်ရွက်ခဲ့ကြသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။