Trending Now

ကမ္ဘာ့အသက်ကြီးဆုံးအဖြစ် စံချိန်တင်သွားတဲ့ ပေါ်တူဂီခွေး

Spread the love

ကမ္ဘာ့အသက်ကြီးဆုံးအဖြစ် စံချိန်တင်သွားတဲ့ ပေါ်တူဂီခွေး

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၃

အသက် ၃၀ အရွယ် ပေါ်တူဂီခွေးလေးတစ်ကောင်ဟာ အသက်အကြီးဆုံးခွေးအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင်မှတ်တမ်းဝင်ခဲ့ပြီး ရာစုနှစ်တစ်ခုအတွင်း သူ့လောက်အသက်ရှည်တဲ့ ခွေးမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဘော်ဘီလို့ အမည်ပေးထားတဲ့ ခွေးလေးဟာ ပေါ်တူဂီမျိုးရင်းဖြစ်ပြီး ပျမ်းမျှသက်တမ်း ၁၂ နှစ်ကနေ ၁၄ အထိသာ ရှင်သန်နိုင်တဲ့ မျိုးစိတ်ဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် စပိုက် ရှီဟွာဟွာ ခွေးတစ်ကောင်ကို အသက်အကြီးဆုံး ခွေးအဖြစ် စံချိန်တင်ခဲ့ပြီး နောက်နှစ်ပတ်အကြာမှာ ဘော်ဘီရဲ့ သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

ယခင်အသက်အကြီးဆုံးခွေးအဖြစ် စံချိန်တင်ခဲ့တဲ့ သြစတြေးလျနိုင်ငံက ဘလူးဘေ ဟာ ၁၉၃၉ ခုနှစ် အသက် ၂၉ နှစ်နဲ့ ၅ လမှာ သေဆုံးသွားခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ အခုလက်ရှိ စံချိန်တင်ခဲ့တဲ့ ဘော်ဘီဟာ အသက် ၃၀ နှစ်နဲ့ ၂၂၆ ရက်ရှိပြီဖြစ်ပါတယ်။

ပေါ်တူဂီ အစိုးရရဲ့ အိမ်မွေးတိရစ္ဆာန်မှတ်တမ်းတွေအရ သူ့ကို အမျိုးသားတိရစ္ဆာန်ဆေးကုဆရာဝန်များသမဂ္ဂက အတည်ပြုခဲ့လို့ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

ref; bbc-Bobi breaks Guinness World Record for oldest dog ever

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။