Trending Now

ပူတာအိုမြို့၌ အောက်ခြေမခိုင်သောသစ်ပင် ကတ္တရာလမ်းမပေါ်လှဲကျမှုကြောင့် နာရီပိုင်းလမ်းပိတ်ဆို့မှုဖြစ်ပေါ်

Spread the love

ပူတာအိုမြို့၌ အောက်ခြေမခိုင်သောသစ်ပင် ကတ္တရာလမ်းမပေါ်လှဲကျမှုကြောင့် နာရီပိုင်းလမ်းပိတ်ဆို့မှုဖြစ်ပေါ်

EPN
ပူတာအို၊ မေ ၂၈

ကချင်ပြည်နယ်၊ပူတာအိုမြို့ မြို့မရပ်ကွက် ပူတာအို-ဆွမ်ပရာဘွမ်-မြစ်ကြီးနား ပြည်ထောင်စုလမ်း မကြီးနှင့် ပြန်/ဆက်ရုံးကြားတွင် ယနေ့ နံနက်(၆)နာရီခန့်က အောက်ခြေမခိုင်သောသစ်ပင်တစ်ပင် ကတ္တရာလမ်းမပေါ်သို့လှဲကျမှုကြောင့် နာရီပိုင်း လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ရာ အဆိုပါလမ်းပိတ်ဆို့မှုများကို မီးသတ် တပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက အချိန်နှင့်တပြေးညီ ရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ လုံးပတ်လေးပေခန့်ရှိ အော်ရေးရှားသစ်ပင်သည် အောက်ခြေမခိုင် ရေသောက်မြစ်များဆွေးမြေ့ ခြင်းကြောင့် ကတ္တရာလမ်းမပေါ်သို့ လှဲကျခဲ့ခြင်းဖြစ်ပြီး ယင်းသစ်ပင်လှဲကျမှုကြောင့် လူ၊တိရိစ္ဆာန် နှင့်ယာဉ်များ ထိခိုက်မှုမရှိကြောင်းသိရသည်။

ထိုသို့ လမ်းပိတ်ဆို့မှုများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ ပူတာအိုမြို့နယ်မီးသတ်ဦးစီးဌာန ဒု-မီးသတ်ဦးစီးမှူး ဦးတိတုနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာ ဦးဇော်မင်းလွင် တို့ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် တာဝန်ရှိသူများက နံနက်(၆) နာရီခွဲမှစတင်၍ မော်တော်ယာဉ်များနှင့်လမ်းသွားလမ်းလာများပုံမှန်အတိုင်းသွား လာနိုင်ရေးအတွက် ချိန်းဇော များဖြင့် ခုတ်ထွင်ရှင်းလင်းမှုများဆောင်ရွက်ခဲ့ရာ နံနက်(၇)နာရီတွင် ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီဖြစ် ကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။