Trending Now

ယူကရိန်း တပ်သား ဆုံးရှုံးမှု ရက်သတ္တပတ်အတွင်း နှစ်ဆနီးပါး မြင့်တက်လာ

Spread the love

ယူကရိန်း တပ်သား ဆုံးရှုံးမှု ရက်သတ္တပတ်အတွင်း နှစ်ဆနီးပါး မြင့်တက်လာ

EPN

နိုင်ငံတကာ၊ နိုဝင်ဘာ ၂

ယူကရိန်း တပ်သား ဆုံးရှုံးမှု ရက်သတ္တပတ်အတွင်း နှစ်ဆနီးပါး မြင့်တက်လာပြီး အောက်တိုဘာ ၁၇ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း ယူကရိန်း စစ်မှုထမ်းများနှင့် နိုင်ငံခြား ကြေးစား စစ်သား ၂၅၀၀ ကျော်ကို ရုရှားတပ်ဖွဲ့များက သုတ်သင်ရှင်းလင်းခဲ့ကြောင်း ရုရှားသတင်းဌာန TASS က ဖော်ပြထားသည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဒွန်းနက်စ် ပြည့်သူ့ သမ္မတနိုင်ငံတောင်ဘက် လမ်းကြောင်းတွင် ရုရှားတပ်များက ထိုးစစ်ဆင်မှုပြုလုပ်ခဲ့ရာ ရန့်သူ့စစ်မှုထမ်း ၁၀၀ ကျော်သေဆုံးခဲ့ပြီး ၆ ဦး ဖမ်းဆီးရမိခဲ့သလို ရန်သူ့ အမာခံစခန်းများနှင့် အမြှာက်အများအပြားကို သိမ်းဆည်းရမိခဲ့ သည်ဟု ဆိုသည်။

ယင်းအပြင် ထိုးစစ်အတွင်း ယူကရိန်း တင့်ကားတစ်စင်းကို ဖျက်စီးနိုင်ခဲ့ပြီး အခြားတစ်စီးကို သိမ်းပိုက်နိုင်ခဲ့သလို သံချပ်ကာ တိုက်ခိုက်ရေးယာဉ် သုံးစီးနှင့် သယ်ယူပို့ဆောင်ရေးယာဉ် ခြောက်စီးတို့ကိုလည်း ဖျက်စီးနိုင်ခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယူကရိန်း၏ အထင်ရှားဆုံး ဆုံးရှုံးမှုသည် ရုရှားတပ်များ စခန်းချထားသည့် ကူပီယမ်းစ် မြို့ကို အောက်တိုဘာ ၂၅၊၂၆၊၂၇ ရက်တို့တွင် တိုက်ခိုက်ရန်ကြိုးပမ်းခဲ့ရာ မအောင်မြင်ပဲ ယူကရိန်းစစ်မှုထမ်း ၈၃၀ ဆုံးရှုံးခဲ့ကာ ဆုတ်ခွာသွားခဲ့သည်ဟုဆိုသည်။

ယူကရိန်းစစ်တပ်သည် ရုရှားအခြေစိုက်စခန်းများသို့ အောက်တိုဘာ ၂၉ ရက်မှ အောက်တိုဘာ ၃၁ ရက်နေ့အထိ ၇ ကြိမ်တိုင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြသော်လည်း ကူပီယမ်းစ် တွင် စစ်မှုထမ်း ၈၀၀ ကျော်ဆုံးရှုံးခဲ့သလို လီမန် အရှေ့ဘက်တွင် ၆၅၀ နှင့် ဒိုနက်စ် တောင်ပိုင်းဧရိယာတွင် ၁၉၀ အထိ ဆုံးရှုံးခဲ့သည်ဟု ရုရှားသတင်းဌာနက ဖော်ပြထားသည်။

ရုရှားသတင်းဌာန၏ တွက်ချက်မှုများအရ ယူကရိန်းတပ်ဖွဲ့များသည် တင့်ကားအစီးရေ ၁၈၀ ခန့်နှင့် အခြားသံချပ်ကာယာဉ်များအပြင် တစ်ပတ်အတွင်း အမျိုးအစားအမျိုးမျိုးမှ ကားအစီးရေ ၁၇၀ ကျော် ဆုံးရှုံးခဲ့သည်ဟုဆိုသည်။

လက်ရှိအချိန်အထိ ရုရှားတပ်များသည် ယူကရိန်း၏ လေယာဉ် ၃၂၉ စီးနှင့် ရဟတ်ယာဉ် ၁၆၇ စင်း၊ မောင်းသူမဲ့ လေယာဉ် ၂,၄၀၂ စီး၊ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ် ၃၈၄ စင်း၊ တင့်ကား ၆,၂၃၃ စီး အပြင် အခြား သံချပ်ကာ တိုက်ခိုက်ရေးယာဉ်များ၊ MLRS တပ်ဆင်ထားသည့် တိုက်ခိုက်ရေးယာဉ် ၈၈၁ စီး၊ အမြောက် ၃,၅၄၄ စင်း၊ အထူးအမြောက် ၆ လက်၊ အထူးအမြောက် ၇ စင်း၊ တို့ကို ဖျက်စီးပစ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

— ကိုးကား —
TASS
Ref; Ukrainian manpower losses rise nearly twofold week over week to 2,500 men
May be an image of 3 people and outdoors

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။