Trending Now

၁၉ ပေ ရှည်တဲ့ မြန်မာ့စပါးအုံးမြွေကြီးကို ဖလော်ရီဒါမှာ ဖမ်းဆီးရမိ

Spread the love

၁၉ ပေ ရှည်တဲ့ မြန်မာ့စပါးအုံးမြွေကြီးကို ဖလော်ရီဒါမှာ ဖမ်းဆီးရမိ

EPN
နိုင်ငံတကာ၊ ဇူလိုင် ၂၁

ဖမ်းမိသမျှထဲမှာ စံချိန်တင်အရှည်ဆုံးဖြစ်တဲ့ ၁၉ ပေအရှည်ရှိတဲ့ မြန်မာ့ စပါအုံးမြွေကြီးကို ဖလော်ရီဒါပြည်နယ်က နိုင်ငံပိုင် Big Cypress သစ်တောကြိုးဝိုင်းကနေ ပြီးခဲ့တဲ့ တစ်ပတ်အတွင်းက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စပါးအုံးမြွေကြီးရဲ့ အရှည်ဟာ အရွယ်ရောက်ပြီးသား သစ်ကုလာအုတ် တစ်ကောင်ရဲ့ အရပ်နီးပါးအထိရှိနေပြီး သူ့ရဲ့အလေးချိန်ဟာ ၁၂၅ ပေါင်ခန့်ရှိတယ်လို့ ဆိုပါတယ်။

Now This News တွစ်တာစာမျက်နှာမှာ မြွေကြီးကို လက်ဗလာနဲ့ ရဲရဲတောက်ဖမ်းဆီးလိုက်တဲ့ ဗီဒီယိုဖိုင်ကို မျှဝေထားပြီး စပါးအုံးမြွေကြီးကလည်း လူကို ပြန်လည်ရန်ပြုဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။

မြန်မာ့စပါအုံးမြွေတွေကို ကျူးကျော်မျိုးစိတ်တစ်ခုအဖြစ် အမေရိကန် ပြည်နယ်အစိုးရတွေက သတ်မှတ်ထားပြီး ပုဂ္ဂလိက မုဆိုးတွေကို ဖမ်းဆီးခွင့် ဒါမှမဟုတ် သတ်ဖြတ်ခွင့်အထိ ခွင့်ပြုထားပါတယ်။

Ref; indianexpress
video – Now This News

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။