Trending Now

ဆိုင္​ကယ္​ရပ္​ၿပီးအိတ္​တစ္​လံုးပစ္​ခ်လိုက္​သူကိုမသကၤာသျဖင္​့ရွာ​ေဖြစစ္​​ေဆးရာမူး​ယစ္​​ေဆးဝါးမ်ားဖမ္​းဆီးရမိ

Spread the love

ဆိုင္​ကယ္​ရပ္​ၿပီးအိတ္​တစ္​လံုးပစ္​ခ်လိုက္​သူကိုမသကၤာသျဖင္​့ရွာ​ေဖြစစ္​​ေဆးရာမူး​ယစ္​​ေဆးဝါးမ်ားဖမ္​းဆီးရမိ

EPN
ဟိုပင္​၊ မတ္​ -၈

ကခ်င္​ျပည္​နယ္​၊ ဟိုပင္​ၿမိဳ႕၊ တကြင္​း-သဲဂုဏ္​လမ္​းဆံုတြင္​ ယ​ေန႔၊ ည​ေန(၆)နာရီအခ်ိန္​ခန္​႔ကဆိုင္​ကယ္​ရပ္​ၿပီးအိတ္​တစ္​လံုးပစ္​ခ်လိုက္​သူကိုမသကၤာသျဖင္​့ရွာ​ေဖြစစ္​​ေဆးရာမူး​ယစ္​​ေဆးဝါးမ်ား

ဖမ္​းဆီးရမိခဲ့​ေၾကာင္​းဟိုပင္​နယ္​​ေျမရဲစခန္​းမွသိရသည္​။

ဟိုပင္​နယ္​​ေျမရဲစခန္​းမွဴးရဲအုပ္​ဗ်က္​ဆန္​းဦးစီး​ေသာရဲတပ္​ဖြဲ႕ဝင္​မ်ားသည္​သက္​​ေသတို႔ႏွင္​့အတူမတ္​(၈)ရက္​၊ ည​ေန(၆)နာရီအခ်ိန္​ခန္​႔ကဟိုပင္​ၿမိဳ႕၊ တကြင္​-သဲဂုဏ္​​လမ္​းဆံုတြင္​ပိတ္​ဆို႔ရွာ​ေဖြမႈမ်ားျပဳလုပ္​ခဲ့သည္​။

ထိုသို႔ျပဳလုပ္​​ေနစဥ္​ဟိုပင္​-မိုးညႇင္​းသြား ​ေက်း႐ြာခ်င္​းဆက္​ကားလမ္​းမအတိုင္​းၿမိဳ႕သစ္​က​ေလး​ေက်း႐ြာဘက္​မွ​ေက်ာ္​လင္​း(ခ)သားသား​ေလး​ေမာင္​းႏွင္​လာသည္​့CANDA-125နီ/နက္​ၾကားဆိုင္​ကယ္​မွာပိတ္​ဆို႔ရွာ​ေဖြ​ေရးအဖြဲ႕ရွိရာသို႔​ေမာင္​းႏွင္​လာျခင္​းမရွိဘဲ သဲဂုဏ္​​ေရ​ေပါက္​တံတားအနီးရပ္​တန္​႔လိုက္​​ေၾကာင္​းမသကၤာဖြယ္​​ေတြ႕ရွိရသျဖင္​့သြား​ေရာက္​ရွာ​ေဖြစစ္​​ေဆးရာ ​ေက်ာ္​လင္​း(ခ)သားသားမွ ၎၏လက္​ထဲမွအနက္​​ေရာင္​ႂကြပ္​ႂကြပ္​အိတ္​အားပစ္​ခ်လိုက္​သျဖင္​့ စစ္​​ေဆးရွာ​ေဖြရာ ပစ္​ခ်လိုက္​သည္​့အိတ္​အတြင္​းအျပာ​ေရာင္​ကပ္​ခြာအိတ္​ျဖင္​့ထည္​့လ်ွက္​ WYR စာတမ္​းပါ လိ​ေမၼာ္​​ေရာင္​စိတ္​ႂကြ​ေဆးျပား(၁၉၀)ျပားပါ(၁)ထုပ္​၊ အ​ေလးခ်ိန္​(၁၉)ဂရမ္​ခန္​႔အားရွာ​ေဖြ​ေတြ႕ရွိခဲ့ၿပီး ​ေက်ာ္​လင္​း(ခ)သားသား၏ခႏၶာကိုယ္​အားစစ္​​ေဆးရွာ​ေဖြရာ ၎လြယ္​ထားသည္​့နီ/ျပာ/နက္​ၾကားကခ်င္​လြယ္​အိတ္​အတြင္​းမွ ​ေငြက်ပ္​(၄၈၅၀၀)က်ပ္​၊ ဆင္​းကဒ္​(၂)ခုပါVIVOအမ်ိဳးအစားအျဖဴ​ေရာင္​ဖုန္​းတစ္​လံုး၊ ဆင္​းကဒ္​တစ္​ခုပါMIအမ်ိဳးအစားနက္​/ျပာ​ေရာင္​ဖုန္​းတစ္​လံုးရွာ​ေဖြ​ေတြရွိခဲ့​ေၾကာင္​းရဲမွတ္​တမ္​းအရသိရသည္​။

မူးယစ္​​ေဆးဝါးလက္​ဝယ္​​ေတြရွိသူ ​ေက်ာ္​လင္​း(ခ)သားသား၊ အသက္​(၂၈)ႏွစ္​၊ (ဘ)ဦး​ေက်ာ္​သိန္​း၊ ၾကာႀကီးကြင္​း​ေက်း႐ြာအ​ေနာက္​ပိုင္​း၊ ဟိုပင္​ၿမိဳ႕​ေနသူကို ဟိုပင္​နယ္​​ေျမရဲစခန္​းမွ မယ(ပ)၁၃/၂၀၁၈၊ မူး/စိတ္​ပုဒ္​မ၁၉(က)/၂၀(က)ျဖင္​့အမႈ​ေရးဖြင္​့ထား​ေၾကာင္​းသိရသည္​။

တကြင္​း-သဲဂုဏ္​လမ္​းဆံုတြင္​ဟိုပင္​နယ္​​ေျမရဲစခန္​းမွမၾကာခဏပိတ္​ဆို႔ရွာ​ေဖြမႈမ်ားျပဳလုပ္​​ေနၿပီး မတ္​(၁)ရက္​​ေန႔ကမူးယစ္​​ေဆးသယ္​​ေဆာင္​လာသူဂ်ီတီအိုင္​တတိယႏွစ္​​ေက်ာင္​းသားႏွင္​့​ေစခိုင္​းသူအ-မ-ကကြၽန္​းကုန္​း​ေက်ာင္​းအုပ္​ဆရာတို႔ကိုဖမ္​းဆီးရမိခဲ့​ေၾကာင္​းအလားတူယင္​း​ေန႔၌ပင္​ရဲတပ္​ဖြဲ႕ကိုျမင္​၍​ဆိုင္​ကယ္​​ေမာင္​းႏွင္​ထြက္​​ေျပးသူ(၂)ဦးထံမွလည္​းမူးယစ္​​ေဆးဝါးမ်ားဖမ္​းဆီးရမိခဲ့​ေၾကာင္​းသိရသည္​။

ခ်စ္​သား
————————–———————
ဆိုင်ကယ်ရပ်ပြီးအိတ်တစ်လုံးပစ်ချလိုက်သူကိုမသင်္ကာသဖြင့်ရှာဖွေစစ်ဆေးရာမူးယစ်ဆေးဝါးများဖမ်းဆီးရမိ

EPN
ဟိုပင်၊ မတ် -၈

ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ တကွင်း-သဲဂုဏ်လမ်းဆုံတွင် ယနေ့၊ ညနေ(၆)နာရီအချိန်ခန့်ကဆိုင်ကယ်ရပ်ပြီးအိတ်တစ်လုံးပစ်ချလိုက်သူကိုမသင်္ကာသဖြင့်ရှာဖွေစစ်ဆေးရာမူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်းဟိုပင်နယ်မြေရဲစခန်းမှသိရသည်။

ဟိုပင်နယ်မြေရဲစခန်းမှူးရဲအုပ်ဗျက်ဆန်းဦးစီးသောရဲတပ်ဖွဲ့ဝင်များသည်သက်သေတို့နှင့်အတူမတ်(၈)ရက်၊ ညနေ(၆)နာရီအချိန်ခန့်ကဟိုပင်မြို့၊ တကွင်-သဲဂုဏ်လမ်းဆုံတွင်ပိတ်ဆို့ရှာဖွေမှုများပြုလုပ်ခဲ့သည်။

ထိုသို့ပြုလုပ်နေစဉ်ဟိုပင်-မိုးညှင်းသွား ကျေးရွာချင်းဆက်ကားလမ်းမအတိုင်းမြို့သစ်ကလေးကျေးရွာဘက်မှကျော်လင်း(ခ)သားသားလေးမောင်းနှင်လာသည့်CANDA-125နီ/နက်ကြားဆိုင်ကယ်မှာပိတ်ဆို့ရှာဖွေရေးအဖွဲ့ရှိရာသို့မောင်းနှင်လာခြင်းမရှိဘဲ သဲဂုဏ်ရေပေါက်တံတားအနီးရပ်တန့်လိုက်ကြောင်းမသင်္ကာဖွယ်တွေ့ရှိရသဖြင့်သွားရောက်ရှာဖွေစစ်ဆေးရာ ကျော်လင်း(ခ)သားသားမှ ၎င်း၏လက်ထဲမှအနက်ရောင်ကြွပ်ကြွပ်အိတ်အားပစ်ချလိုက်သဖြင့် စစ်ဆေးရှာဖွေရာ ပစ်ချလိုက်သည့်အိတ်အတွင်းအပြာရောင်ကပ်ခွာအိတ်ဖြင့်ထည့်လျှက် WYR စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွဆေးပြား(၁၉၀)ပြားပါ(၁)ထုပ်၊ အလေးချိန်(၁၉)ဂရမ်ခန့်အားရှာဖွေတွေ့ရှိခဲ့ပြီး ကျော်လင်း(ခ)သားသား၏ခန္ဓာကိုယ်အားစစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသည့်နီ/ပြာ/နက်ကြားကချင်လွယ်အိတ်အတွင်းမှ ငွေကျပ်(၄၈၅၀၀)ကျပ်၊ ဆင်းကဒ်(၂)ခုပါVIVOအမျိုးအစားအဖြူရောင်ဖုန်းတစ်လုံး၊ ဆင်းကဒ်တစ်ခုပါMIအမျိုးအစားနက်/ပြာရောင်ဖုန်းတစ်လုံးရှာဖွေတွေရှိခဲ့ကြောင်းရဲမှတ်တမ်းအရသိရသည်။

မူးယစ်ဆေးဝါးလက်ဝယ်တွေရှိသူ ကျော်လင်း(ခ)သားသား၊ အသက်(၂၈)နှစ်၊ (ဘ)ဦးကျော်သိန်း၊ ကြာကြီးကွင်းကျေးရွာအနောက်ပိုင်း၊ ဟိုပင်မြို့နေသူကို ဟိုပင်နယ်မြေရဲစခန်းမှ မယ(ပ)၁၃/၂၀၁၈၊ မူး/စိတ်ပုဒ်မ၁၉(က)/၂၀(က)ဖြင့်အမှုရေးဖွင့်ထားကြောင်းသိရသည်။

တကွင်း-သဲဂုဏ်လမ်းဆုံတွင်ဟိုပင်နယ်မြေရဲစခန်းမှမကြာခဏပိတ်ဆို့ရှာဖွေမှုများပြုလုပ်နေပြီး မတ်(၁)ရက်နေ့ကမူးယစ်ဆေးသယ်ဆောင်လာသူဂျီတီအိုင်တတိယနှစ်ကျောင်းသားနှင့်စေခိုင်းသူအ-မ-ကကျွန်းကုန်းကျောင်းအုပ်ဆရာတို့ကိုဖမ်းဆီးရမိခဲ့ကြောင်းအလားတူယင်းနေ့၌ပင်ရဲတပ်ဖွဲ့ကိုမြင်၍ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသူ(၂)ဦးထံမှလည်းမူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ချစ်သား


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။