Trending Now

ချမ်းမြသာစည်မြို့နယ်တွင် အမျိုးသားတစ်ဦး၏ နေအိမ်အတွင်းမှ ငွေကျပ်သိန်းသုံးရာနီးပါးခန့်တန်ဖိုးရှိသော မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

ချမ်းမြသာစည်မြို့နယ်တွင် အမျိုးသားတစ်ဦး၏ နေအိမ်အတွင်းမှ ငွေကျပ်သိန်းသုံးရာနီးပါးခန့်တန်ဖိုးရှိသော မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
ချမ်းမြသာစည်၊ အောက်တိုဘာ ၆ (၂၀၂၃)

ချမ်းမြသာစည်မြို့နယ်တွင် အမျိုးသားတစ်ဦး၏ နေအိမ်အတွင်းမှ ငွေကျပ်သိန်းသုံးရာနီးပါးခန့်တန်ဖိုးရှိသော မူးယစ်ဆေးဝါးများကို အောက်တိုဘာလ ၄ ရက်နေ့ည ၈နာရီအချိန်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၄)ရပ်ကွက်၊ ၆၉ လမ်း၊ ၁၀၇ x ၁၀၈ လမ်းကြားရှိ သန်းဝင်း ၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ စစ်ဆေးရှာဖွေစဉ် ၎င်းနှင့်အတူ နေအိမ်အတွင်းမှ ဘိန်းဖြူ အလေးချိန် ၄၄၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၁၀)၊ စိတ်ကြွရူးသွပ်ဆေးပြား ၉၄၀၀ပြား(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၈၈ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သန်းဝင်း(၄၃) နှစ်အား အမှတ် (၁၁)နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ထက်ထက်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။