Trending Now

PDF အဖွဲ့ဝင်များမှ ဒါးစမ်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဆရာတော်အား သေနတ်ဖြင့် ပစ်သတ်

Spread the love

PDF အဖွဲ့ဝင်များမှ ဒါးစမ်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဆရာတော်အား သေနတ်ဖြင့် ပစ်သတ်

EPN
အောင်လံ၊ မတ် ၁၃ (၂၀၂၄)

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ဒါးစမ်းကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့် ဆရာတော်တစ်ပါးကို PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

ယနေ့၊ နံနက် ၃နာရီ အချိန်ခန့်တွင် အောင်လံမြို့နယ်၊ ဒါးစမ်းကျေးရွာသို့ PDF အဖွဲ့ဝင် အင်အား (၅၀)ခန့် ရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူး ဦးနိုင်၀င်းအောင်နှင့် ၎င်း၏ဇနီးအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဒါးစမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနိုင်၀င်းအောင်ကို ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအတွင်း PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး၊ ဒါးစမ်းကျေးရွာမှ ဆရာတော်ကိုလည်း ဘုန်းကြီးကျောင်းအတွင်း သတ်ဖြတ်သွားကာ အုပ်ချုပ်ရေးမှူး၏ ဇနီးဖြစ်သူကို ရှာမတွေ့သေးကြောင်း သိရသည်။

ကျော်ထက်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။