Trending Now

ကချင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးဂိတ်များမှ တစ်ပတ်အတွင်း ဒေါ်လာ ၄၆ သိန်းနီးပါ ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့

Spread the love

ကချင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးဂိတ်များမှ တစ်ပတ်အတွင်း ဒေါ်လာ ၄၆ သိန်းနီးပါ ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့

EPN
မြစ်ကြီးနား၊ ဇွန် ၁၅

ကချင်ပြည်နယ် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်များမှ တစ်ပတ်အတွင်း ဒေါ်လာ ၄၆ သိန်းနီးပါ ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ကြောင်း မြန်မာ့ကုန်သွယ်မှုဦးစီးဌာနမှ သိရသည်။

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ဇွန်လ ၄ ရက်မှ ၁၀ ရက်နေ့အတွင်း တစ်သျှူးငှက်ပျော၊ ပဲတီစိမ်း၊ မြေထောက်ပဲ၊ ဆန်၊ ကြံ၊ ပဲယင်း၊ ထောပတ်ပဲ၊ နှမ်းနက်၊ အင်ကြင်းကျောက်နှင့် ဆန်ကွဲ များတင်ပို့ခဲ့ပြီး စုစုပေါင်းတန်ဖိုး ကန်ဒေါ်လာ ၄၅ သိန်းကျော် အထိရှိခဲ့ကြောင်း သိရသည်။

သွင်းကုန်ပစ္စည်းများအနေဖြင့် သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ ချည်ထည်များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ လယ်ထွန်စက်များ၊ စက်နှင့်စက်ပစ္စည်းများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ အခြားချည်ခင်များ၊ ချုပ်ပြီးအဝတ်အထည်များ၊ သားရေ/သားရေတုဖြင့်ပြုလုပ်သောပစ္စည်းများ၊ အင်ဂျင်များ၊ ကားတာယာ နှင့် Empty Cargo Container 45′ feet များ တင်သွင်းမှုရှိခဲ့ပြီး စုစုပေါင်းငွေပမာဏတန်ဖိုး ကန်ဒေါ်လာ ၁ သိန်းခန့် တင်သွင်းမှုရှိခဲ့ကြောင်း သိရသည်။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။