ဝန်ထမ်းပဲပြန်လုပ်ပါကွာဆိုတဲ့တရုတ်ကြီး
(ဆောင်းပါး)
ဖားကန့်မှာရေထမ်းရောင်းခဲ့စဉ်က ရေတွင်းကိုသွားတဲ့လမ်းမှာ ခမ်းနား တဲ့ တိုက်အိမ်ကြီးတစ်လုံးရှိတယ် သူ့အိမ်ရှေ့မှာ မူဆလင်ကွမ်းယာဆိုင်တစ်ဆိုင်ရှိတယ် အိမ်ကြီးရှေ့မှာ တရုပ်ကြီးတစ်ယောက် စွတ်ကျယ်လေးဝတ်လို့ မနက်ဆို အေးအေးလူလူ ထိုင်နေတတ်တယ်
သူ့အိမ်ကနေလူမျိုးစုံ ဝတ်ကောင်းစားလှတွေနဲ့ အမြဲဝင်ထွက်နေကြပေမယ့်သူကတော့စွတ်ကျယ်လေးနဲ့ပုံမှန်မြင်နေကျပါပဲသူ့ကိုသာမန်တရုပ်အဖိုးကြီးလို့ပဲထင်မိတယ် ဖြတ်သွား ဖြတ်လာကြာတော့ သူနဲ့မျက်မှန်းတန်းမိလာတယ် တစ်နေ့ သူနဲ့စကားပြောဖြစ်တယ်
ခင်ဗျားကို ကျောင်းဆရာလို့ခေါ်နေကြတာ ဟုတ်သလား
ဟုတ်တယ်လေ
ရေပဲထမ်းရောင်းတော့မှာလား
ဒီလိုတော့မလုပ်ခြင်ဘူး အရင်းအနှီးလေးရရင် တခြားစီးပွားလေး ပြောင်းလုပ်မှာပေါ့ဗျာ ခုလဲနေ့လည်နားရင် ပွဲစားလေးဘာလေး လိုက်လုပ်ကြည့်နေတာပဲ
ဒါဆို လာခဲ့ ခင်ဗျားကို ကျောက်တစ်လုံးပြမယ်
ဒီလိုနဲ့ သူ့အိမ်ထဲကိုခေါ်သွားတယ် အိမ်ထဲကလူတွေက သူ့ကိုတလေးတစား အရိုအသေပြုနေတာမြင်ရမှ သူကအဲ့ဒီ့အိမ်ရှင်ထိတ်သီးလောပန်းကြီးမှန်း သိတော့တယ်
လုံခြုံတဲ့အခန်းတစ်ခု ထဲမှာ ရေစို အဝတ်နဲ့ အုပ်ထားတဲ့ ကျောက်ကြီးကိုပြတယ် ကျောက်ကြီးက ကိုယ်ခါးလောက်မြင့်တယ် တခြမ်းကို ဖွင့်ထားပြီး အသားရော အရည်ရော စိမ်း လဲ့နေတယ် တန်ဖိုးကြီးမယ်ဆိုတာမြင်ရုံနဲ့သိတယ်
ကျုပ်ဒါကို ဘယ်သူ့ကိုမှ မပြသေးဘူး အဲ့ဒါ ကိုခင်ဗျား ရောင်းကြည့်ပါ
ကိုယ်လည်း ဘယ်သူ့ပြရမလဲ စဉ်း စားတယ် နောက်ဆုံးလ္ဘက်ရည်ဆိုင်မှာ အောက်ပိုင်းက တက်လာတဲ့ လူနှစ်ယောက်နဲ့တွေ့တယ် မထူးဘူး ဆိုပြီး သူတို့ကိုခေါ်သွားတယ်
တရုတ်ကြီးကအဲ့ဒီ့လူတွေကို မြင်ကတဲကသဘောကျပုံမပေါ်ဘူး ဟိုလူတွေလည်းကျောက်ကိုကြည့်ပြီး တော်တော်အံ့သြသွားပုံရတယ် ပြီးတော့ ၅၀ ပေးမယ်လေဆိုပြီး ဈေးစဖွင့်တယ် တရုပ်ကြီးက မင်းတို့ပြန်တော့ဆိုပြီး တစ်ခွန်းပဲပြောတယ် ပြီးတော့
ကျွန်တော့်ဘက်ကိုလှည့်ပြီး မင်းလည်းနောက်ဘယ်သူ့ကိုမှခေါ်မလာနဲ့တော့လို့ တခါတည်း အပြတ်ပြောလိုက်တယ် ပြီးတော့ဆက်ပြောလိုက်သေးတယ် ကျောင်းဆရာ မင်း ဝန်ထမ်းပဲ ပြန်လုပ်ပါကွာတဲ့လေ
စိတ်ထဲမှာတော်တော် မကျေနပ်မနပ်ဖြစ်သွားရတယ် ဒီလိုနဲ့နောက်တစ်ပတ်လောက်အကြာမှာသူနဲ့ပြန်စကားပြောဖြစ်တယ်
ကျွန်တော့်ကို နောက်ထပ်လူမခေါ်ခဲ့နဲ့တော့ဆိုတာကတော့ ထားပါဗျာ မင်းဝန်ထမ်းပဲ ပြန်လုပ်တော့ဆိုတာ ဘာကြောင့်လဲဗျ
တရုပ်ကြီးကပြုံးတယ် ပြီးမှ
မင်းက ကျောက်ကိုမချစ်တတ်ဘူး ငါမင်းကို ဒီကျောက်ကြီး ကိုပြတဲ့ အချိန် မင်းမျက်စိထဲမှာကျောက်ရဲ့ တန်ဖိုးအစစ်အမှန်ကို မင်းစိတ်မဝင်စားဘူး မင်းမျက်စိထဲမှာ ကျောက်အရောင်း အဝယ် ဖြစ်ခဲ့ရင်ရမယ့် ပွဲခကိုပဲ မြင်သွားတယ် ပိုက်ဆံပဲမင်းမြင်တော့တယ် ကျောက်ကိုမမြင်တော့ဘူး ဘယ်လောက်နဲ့ပဲရောင်းရရ မင်း နဲ့မဆိုင်ဘူး
ဒါပိုင်ရှင်နဲ့ဝယ်သူ့သဘောလို့ မင်းတွက်တယ် မင်းစိတ်က ဒီကျောက်ကြီး ငါ့အိမ်က ထွက်သွားဖို့ပဲ အာရုံစိုက်တယ် ဒါကြောင့် လမ်းဘေး ကလူလည်းမင်းခေါ်လာခဲ့တယ် ဘုရင့်သမီးတော်ကို သူတောင်းစားနဲ့ လာကမ်းလှမ်းလိုက်သလိုပဲ
ဒါမျိုးစိတ်ဓာတ်က လခစားဝန်ထမ်းတွေအတွက်တော့ ကောင်းပါတယ် အလုပ်တခုခိုင်းလိုက်ရင် ပြီးဆုံးဖို့ပဲအာရုံစိုက်တာလေ ဘယ်လိုပြီးပြီး အချိန်တန်အလုပ်ပြီးရင် ပြီးတာပဲဆိုတဲ့စိတ်မျိုးပေါ့ အလုပ်ကိုမချစ်ဘူး အာရုံနှစ်စရာမလိုဘူး ပြီဆုံးဖို့ပဲလိုတယ်
စီးပွားရေးလုပ်တာနဲ့ပိုက်ဆံရှာတာ မင်းကွဲကွဲပြားပြားနားမလည်သေးဘူး စီးပွားရေးလုပ်တယ်ဆိုတာ ပိုက်ဆံရှာတာပဲလို့မင်းထင်နေတယ် ငါအများကြီးမပြောတတ်ဘူး မင်းဝန်ထမ်းပဲ ပြန်လုပ်တာကောင်းမယ်လို့ငါထင်တယ်
မင်းလိုလူမျိုးက ဝန်ထမ်းဘဝမှာတော့ အထက်လူကြီးတွေ ကြိုက်ကြမှာပါ အလုပ်တွေလည်း လုပ်ရလိမ့်မယ် တခုပြီးတခုပေါ့ အလုပ်ပြီးဖို့အတွက်တော့ မင်းလိုလူမျိုးကစိတ်ချရတာကိုး
နှစ်တွေ တော်တော်ကြာခဲ့ပါပြီ တခါတလေအလုပ်မှာအဆင်မပြေတာတွေ ရှိခဲ့လို့ အပြင်စီးပွားရေးလေး ဘာလေးလုပ်ရင်ကောင်းမလား တွေးမိတဲ့အခါ ဘာရယ်မဟုတ် ပက်လက်ကုလားထိုင်လေးမှာ စွတ်ကျယ်ခပ်နွမ်းနွမ်းနဲ့ထိုင်ရင်း ကျောက်ကလေးတစ်လုံးကို အာရုံစိုက်စူးစမ်းနေတတ်တဲ့ ခင်ခဲ့ဖူးတဲ့ မိတ်ဆွေတရုတ်ကြီးကို ပြန်သတိရမိတာတော့ အမှန်ပါပဲ
ခုလောက်ဆို သူလည်း ဘယ်တွေရောက်လို့ ဘာတွေဖြစ်နေမလဲ သိခြင်စမ်းပါဘိနော်
U Nyein Aye #