Trending Now

အိန္ဒိယမှာ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ကာ သတ်ဖြတ်မှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ အမျိုးသားသုံးဦး ပြန်လည်လွတ်မြောက်လာ

Spread the love

အိန္ဒိယမှာ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ကာ သတ်ဖြတ်မှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ အမျိုးသားသုံးဦး ပြန်လည်လွတ်မြောက်လာ

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၉

လွန်ခဲ့တဲ့ ၁၀ နှစ်က ဒေလီမှာရှိတဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်ကို လယ်ကွင်းထဲမှာ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ကာ သတ်ဖြတ်မှုနဲ့ သေဒဏ်ကျခံနေရတဲ့ အမျိုးသားသုံးဦး ပြန်လည်လွတ်မြောက်လာတဲ့အတွက် အိန္ဒိယပြည်သူတွေ ထိတ်လန့်သွားပါတယ်။

အိန္ဒိယဥပဒေအရ အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးရဲ့ အမည်ရင်းကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေမယ့် ပြန်လည်လွတ်မြောက်လာတဲ့ အမျိုးသားသုံးဦးက အပြစ်ရှိကြောင်း ဝန်ခံခဲ့တဲ့အတွက် ၂၀၁၄ ခုနှစ်မှာ ရုံးတင်စစ်ဆေးကာ သေဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ အိန္ဒိယတရားရုံးချုပ်က အဆိုပါအမှုဟာ ခိုင်မာတဲ့ သက်သေအထောက်အထား မရှိဘူးဆိုပြီး ပြစ်မှုကျူးလွန်ခဲ့တဲ့ အမျိုးသားသုံးဦးကို ပြန်လွတ်ပေးခဲ့ပါတယ်။

တရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် သေဆုံးသူမိန်းကလေးရဲ့ မိဘတွေနဲ့ အန္ဒိယပြည်သူအများအပြားကို တုန်လှုပ်ခြောက်ခြားစေခဲ့ပြီး နှစ်စဉ်သောင်းနဲ့ချီ မုဒိမ်းမှုဖြစ်ပွားနေတဲ့ နိုင်ငံက ပြည်သူတွေကို ဒေါသဖြစ်စေခဲ့ပါတယ်။

သေဆုံးသွားတဲ့ မိန်းကလေးရဲ့ ဖခင်က “အိန္ဒိယဟာ မိန်းကလေးတွေအတွက် လုံခြုံမှုမရှိဘူးလို့ လူတိုင်းက ပြောကြပါတယ်။ ဒီတရားရုံးက အမိန့်ချပြီးရင် အိန္ဒိယမှာ ဘယ်မိန်းကလေးမှ ဘေးကင်းမှာ မဟုတ်ဘူး။ ဒါက ရာဇဝတ်ကောင်တွေကို ပိုပြီး အားကောင်းလာစေမှာပါ” လို့ဆိုပါတယ်။

ဒီထိတ်လန့်စရာ အဖြစ်အပျက်ဟာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ ညပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသွားတဲ့ မိန်းကလေးဟာ သူငယ်ချင်းသုံးယောက်နဲ့အတူ အလုပ်ကနေ အိမ်ကိုပြန်လာစဉ် သူမကို အနီရောင်ကားတစ်စီးနဲ့ အမျိုးသား သုံးယောက်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် လေးရက်အကြာမှာ သူမရဲ့ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ပြီး သူမရဲ့ ခန္ဒာကိုယ် တစ်စိတ်တပိုင်းဟာ မီးရှို့ခံထားရသလို ပြင်းထန်စွာ လှီးဖြတ်ခံထားရတဲ့ ရုပ်အလောင်းကိုသာ တွေ့ရှိခဲ့ရတဲ့အတွက် နိုင်ငံတစ်ဝှမ်းက သတင်းစာတွေမှာ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုအဖြစ် ဖော်ပြခဲ့ကြပါတယ။်

အမှုစစ်ဆေးစဉ်အတွင်းမှာ စွပ်စွဲခံထားရတဲ့ အမျိုးသားသူဦးရဲ့ ပိုက်ဆံအိတ်ကို အခင်းဖြစ်ပွားရာ နေရာက တွေ့ရှိခဲ့သလို သိမ်းဆည်းရမိထားတဲ့ ကားအတွင်းက တွေ့ရှိရတဲ့ သွေးစွန်းထင်မှု၊ သုတ်ရည် နဲ့ ဆံပင် တို့ကို DNA စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စွပ်စွဲခံထားရတဲ့ အမျိုးသား သုံးဦးကလည်း အပြစ်ရှိကြောင်းဝန်ခံခဲ့တဲ့အတွက် ၂၀၁၄ ခုနှစ်မှာ ရုံတင်စစ်ဆေးခဲ့ပြီး တရားရုံးက အဆိုပါ အမျိုးသားတွေကို သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

— ကိုးကား —
BBC
ref; Chhawla rape: India shocked as men sentenced to death freed


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။