Trending Now

ရှင်ဗွေယန်မြို့တွင် နာဂရိုးရာနှစ်သစ်ကူး ပွဲတော်ကို ကျင်းပမည်

Spread the love

ရှင်ဗွေယန်မြို့တွင် နာဂရိုးရာနှစ်သစ်ကူး ပွဲတော်ကို ကျင်းပမည်

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၉ (၂၀၂၄)

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ ရှင်ဗွေယန်မြို့တွင် နာဂရိုးရာပွဲတော်အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၅ရက်ေန့တွင် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်တွင် ရှင်ဗွေယန်မြို့၌ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်အား စည်ကားတိုက်မြိုက်စွာ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် နိုင်ငံရေးအခြေအနေ အမျိုးမျိုးကြောင့် ပွဲကြီးမပြုလုပ်တော့ပဲ မိမိလူမျိုး ရိုးရာအား ဂုဏ်ပြုခြင်းအနေဖြင့် မိမိလူမျိုးများနဲ့ အခြားသော ညီအစ်ကို တိုင်းရင်းသားလူမျိုးများအား ဖိတ်ခေါကာ မိတ်ဆုံစားပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

” ဒီနှစ်က အရင်နှစ်လို ပွဲကြီးတော့မလုပ်တော့ဘူးဆိုပြီး သိထားတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံရေးအခြေအနေကြောင့် အဆင်မပြေတာတွေရှိလို့ မလုပ်နိုင်တာပေါ့။ ရိုးရာပွဲ လုံးဝမလုပ်တာမျိုးတော့မဟုတ်ဘူး။ ပွဲသေးလေး‌‌ ပုံစံကတော့ လုပ်မှာ။ ဒါကျတော့ မိမိလူမျိုးရဲ့ပွဲကို အသိအမှတ် ဂုဏ်ပြုရတာပေါ့။ ပွဲလုပ်တဲ့အခါလည်း တစ်ခြား ညီအစ်ကိုတိုင်းရင်းသားတွေကိုဖိတ်ပြီး မိတ်ဆုံစားပွဲပုံစံလို ရိုးရာအစားအစာတွေကိုကျွေးမွေးမယ့် အစီအစဉ်လောက်ပဲပြုလုပ်သွားမှာပါ ” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့်နှစ်တွင် ရှင်ဗွေယန်မြို့၌ နာဂရိုးရာပွဲတော်ကြီး ကျင်းပပြုလုပ်ခဲ့ချိန်တွင် ရိုးရာအကများ၊ အားကစားများ၊ ရိုးရာမုဒ်ဦးဖွင့်ခြင်း၊ ညရိုးအစီအစဉ်များနှင့် ကံစမ်းမဲအစီအစဉ်များပါဝင်ကာ ပွဲကြီးပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုနှစ်အတွက် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကြီးအား လေရှီးမြို့တွင် နိုင်ငံ တော်အဆင့် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရပြီး၊ အဆိုပါ ပွဲတော်ကြီးတွင် နိုင်ငံတော်မှ အကြီးအကဲများတက်ရောက်ဂုဏ်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။