Trending Now

အမြင့်ပေ ၃၀၀ ခန့်ရှိ စွန့်ပစ်မြေစာပုံမှ ပြုတ်ကျသည့် ရေမဆေးကျောက်ရှာသူ တစ်ဦးသေဆုံး

Spread the love

အမြင့်ပေ ၃၀၀ ခန့်ရှိ စွန့်ပစ်မြေစာပုံမှ ပြုတ်ကျသည့် ရေမဆေးကျောက်ရှာသူ တစ်ဦးသေဆုံး

EPN
ဖားကန့်၊ ဇွန် ၂၁

ဖားကန့်ကျောက်စိမ်းမှော်ဒေသ ဆိပ်မူကျေးရွာအုပ်စုအတွင်း ယမန်နေ့ ညနေ ၃ နာရီအချိန်က အမြင့်ပေ ၃၀၀ ခန့်ရှိ စွန့်ပစ်မြေစာပုံမှ ပြုတ်ကျသည့် ရေမဆေးကျောက်ရှာဖွေသူ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူ အမျိုးသားမှာ ဖားကန့်မြို့၊ ဆိပ်မူကျေးရွာအုပ်စု နန့်မှော်ကျေးရွာ၊ ရပ်ကွက်(၂) နေထိုင်သူ အသက် (၃၅)နှစ်ခန့်အရွယ်ရှိ ဦးမြင့်ဇော်ဆို ဖြစ်ပြီး ၎င်းသည် ဇွန်လ ၂၀ ရက်နေ့၊ ညနေ ၃ နာရီ အချိန်ခန့်တွင် ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်ကျေးရွာ ရတနာစန်းရွင် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီ လုပ်ကွက်အနီးရှိ အမြင့်ပေ ၃၀၀ခန့်ရှိ စွန့်ပစ်မြေစာပုံဟောင်းတွင် ရေမဆေးကျောက်ရှာနေစဉ် ခြေချော်ပြုတ်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ခြေချော်ပြုတ်ကျခဲ့သည့်အတွက် အဆိုပါ အမျိုးသားသည် ဝဲဘက်ခြေထောက်ကျိုး၊ ဝဲဘက်လက်ဖျံကျိုး၊ ဦးခေါင်ကြေမွ၊ ရင်ဘတ်နှင့် နောက်ကျော ပွန်းပဲ ဒဏ်ရာများ ဖြင့် အခင်းဖြစ်နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

အခင်း ဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများသွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သေဆုံးသူ၏ ရုပ်အလောင်းအား နန့်မှော်ကျေးရွာ မြတ်ပါရမီ လူမှုကူညီရေး မော်တော်ယာဉ် အကူအညီ ဖြင့် ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

နောနော်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။