Trending Now

နိုင်ငံတကာလေကြောင်းမှ ဝင်ရောက်လာသူများကို လေဆိပ်တွင် ကိုဗစ်စစ်ဆေးပြီး သွားလာခွင့်ပြုမည်

Spread the love

နိုင်ငံတကာလေကြောင်းမှ ဝင်ရောက်လာသူများကို လေဆိပ်တွင် ကိုဗစ်စစ်ဆေးပြီး သွားလာခွင့်ပြုမည်

EPN
မြစ်ကြီးနား ၊ ဧပြီ၃၀

လာမယ့် မေလ ၁ ရက်နေ့မှစ၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ဝင်ရောက်လာမည့် ခရီးသွားများကို ကုန်ကျစရိတ်သက်သာသည့်အပြင် ကိုဗစ်ဓာတ်ခွဲအဖြေ အချိန်တိုအတွင်း ချက်ချင်းရရှိနိုင်မည့် RDT နည်းနှင့် ပြောင်းလဲစစ်ဆေးပေးသွားမှာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

RDT နည်းနှင့် ကိုဗစ်စစ်ဆေးခြင်းမှာ အချိန်တစ်နာရီခန့်သာကြာမြင့်နိုင်ပြီး ကိုဗစ်မတွေ့ခဲ့ပါက မိမိလိုရာခရီးကို ဆက်လက်သွားရောက်နိုင်မှာဖြစ်ပြီး ကိုဗစ်တွေ့ရှိခဲ့ပါက ဆေးရုံ၊ ကုသရေးစင်တာ၊ ဟိုတယ်စသည့် နေရာများကို လွှဲပြောင်းပို့ဆောင်ကုသမှာဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ (၁၇)ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ကစ၍ နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ်များကို ပြန်လည်ဖွင့်ပေးခဲ့ခြင်းဖြစ်ပြီး ဝင်ရောက်လာသူများတွင် ကိုဗစ်တွေ့ရှိမှု နည်းပါးကြောင်း သိရသည်။

ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ် (Relief Flight)၊ နယ်စပ်အဝင်အထွက်ဂိတ်များမှ ပြန်လည်ဝင်ရောက်လာသူများအား ယခင်က ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးပြီးပါက အသွားအလာကန့်သတ်ထားရှိမှု (၅)ရက်အစား (၃)ရက် ကာကွယ်ဆေးအကြိမ်ပြည့်မထိုးရသေးသူများအနေဖြင့် အသွားအလာကန့်သတ်ထားရှိမှု (၇)ရက်အစား (၅)ရက်အဖြစ် ပြင်ဆင်ပြောင်းလဲထားကြောင်း သိရသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။