Trending Now

ရွှေကူမြို့နယ်အတွင်း ကျပ်သိန်းတစ်ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

ရွှေကူမြို့နယ်အတွင်း ကျပ်သိန်းတစ်ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
ရွှေကူ၊ မေ ၁၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်း ယမန်နေ့က ကျပ်သိန်း တစ်ထောင်ကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့စု(၁) ဗန်းမော်မှ သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို မေလ ၁၁ ရက်၊ ညနေပိုင်းက မူးယစ်တပ်ဖွဲ့စု(၁) ဗန်းမော်မှ ရဲအုပ်ခါးလီနှင့် တပ်ဖွဲ့ဝင်များ၊ ရွှေကူ(လှုပ်ရှားအဖွဲ့) ရဲအုပ်ဇော်သင်းနှင့် တပ်ဖွဲ့ဝင်များ၊ ရွှေကူမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဆန်းလွင်နှင့် သက်သေများပါဝင်သောအဖွဲ့မှ မူးယစ်ဆေးဝါးသတင်းအရ ရွှေကူမြို့နယ် ညောင်ကုန်းကျေးရွာနှင့် နှုတ်ချိုကျေးရွာသွား ကားလမ်းမှပေါ်တွင် စောင့်ဆိုင်း ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

မေလ ၁၁ ရက်နေ့၊ ညနေ ၃ နာရီခွဲ အချိန်ခန့်က ညောင်ကုန်းကျေးရွာဘက်မှ နှုတ်ချို ကျေးရွာဘက်သို့ မင်းမင်းစိုး မောင်းနှင်လာသည့် နံပါတ်မပါ Nikko အပြာရောင်ဆိုင်ကယ် နှင့် ရုံဟွာ မောင်း နှင်လာသည့် Kenbo 125 ဆိုင်ကယ် အစိမ်းပုတ်ရောင် တို့အား ရပ်တန့် စစ်ဆေးခဲ့ရာ ရုံဟွာဆိုသူမှ လမ်းဘေးရှိ ငှက်ပျောခြံအတွင်းသို့ ထွက်ပြေးသွားသဖြင့် လိုက်လံ ဖမ်းဆီးရမိခဲ့သည်။

သက်သေများရှေ့မှောက် ရှာဖွေခဲ့ရာ မင်းမင်းစိုး၏ ဆိုင်ကယ်ရှေ့ဂွ ကြား၌ တင်ဆောင် သယ်ယူလာသော အဖြူရောင် ဆာလာအိပ်အတွင်း အနက်ရောင်ကြွပ် ကြွပ်အိတ်ဖြင့် တိတ်အဝါရောင် ပတ်၍ထုတ်ထားသည့် ရောင်စုံ ဆပ်ပြာ ခွက်များ အတွင်းပလပ်စတစ် အကြည် အိတ်ဖြင့်ထည့် လျှက် ဆပ်ပြာခွက် တစ်ခွက်လျှင် ဘိန်းဖြူ ဟုယူဆရသော ဖြူ /ဝါကြား မှုန့် အလေးချိန် (၁၀) ဂရမ် ခန့် ၊ စီပါ (၁၁) ခွက်ပါ ၉ ကတ်၊ ဆပ်ပြာခွက် ၁၀ ခွက်ပါ တစ်ကတ်၊ စုစုပေါင်းဆပ်ပြာခွက် ၁၀၉ ခွက်၊ ၁၀၉၀ ဂရမ် ခန့်မှန်း ကာလတန်ဘိုး ငွေကျပ်သိန်းတစ်ထောင်ကျော်နှင့် လက်ကိုင်ဖုန်းတစ်လုံး၊ ရုံဟွာဆိုသူထံမှ လက်ကိုင်ဖုန်း တစ်လုံးတို့ အား ရှာဖွေတွေ့ရှိခဲ့သည်။

လက်ရှိတွင် မူးယစ်ဆေးဝါးသယ်ဆောင်လာသည့် မင်းမင်းစိုး၊ ၁၉နှစ်၊ (ဘ)ဦးကျော်ရွှေ၊ ၂၁ မိုင်၊ ကူမဲမြို့၊ မြစ်သားမြို့ နယ် ဆိုသူ နှင့် ရုံးဟွာ၊ ၂၆ နှစ်၊ (ဘ)ဦးအန်းချောင်း၊ ငှက်ပျော ခြံ စကားပြန်၊ ခုံလုံလီရှော၊ ရပ်ကွက်(၆)၊ ကွတ်ခိုင် မြို့နယ် ၊ ရှမ်းပြည် နယ် (မြောက်ပိုင်း) နေထိုင်သူတို့ ကို ရွှေကူမြို့ရဲစခန်းက မယ(ပ) ၂၄ /၂၀၂၀၊ မူး/စိတ် ပုဒ် မ၁၉ (က )/၂၁ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။