Trending Now

ယင်းမာပင် အနောက်ဘက် ရင်ပေါင်တိုင်းရွာက PDFအဖွဲ့ တိုက်ခိုက်ခံရ

Spread the love

ယင်းမာပင် အနောက်ဘက် ရင်ပေါင်တိုင်းရွာက PDFအဖွဲ့ တိုက်ခိုက်ခံရ

EPN
ယင်းမာပင် ၊ သြဂုတ် ၁၂

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ယင်းမာပင်မြို့နယ် ၊ ရင်ပေါင်တိုင်ကျေးရွာနားမှာ မနေ့ သြဂုတ် ၁၁ ရက်က နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့နဲ့ ဒေသခံ PDF တို့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ဒေသခံ PDF က NUG ပညာရေး စုံညီပွဲတော် လုက်အပြီး လေကြောင်းကနဲ့ မြေပြင်ကပါ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တွေ ဝင်လာတယ် ၊ အဲ့ဒီမှာ တိုက်ပွဲစဖြစ်တာ ” လို့ ရင်ပေါင်တိုင်ရွာခံ တယောက်က ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး ယင်းမာပင်မြို့နယ် လုံခြုံရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ” အကြမ်းဖက် အမျိုးသား အလောင်း ၇ လောင်း ၊ M-22 .သေနတ် .၅ လက် ၊ ၄၀ မမ ဗုံးပစ်လောင်ချာ(ဆုံလည်).၂ လက် ၊ ၆၀ မမ စိန်ပြောင်း.၈ လက် ၊ ကျည်ဆံမျိုးစုံ ၂၉၄၀ တောင့် ၊ ဗုံးသီးမျိုးစုံ ၁၁၀ လုံး ၊ ကျည်အိမ် .၃၂ ခု ၊ လက်ပစ်ဗုံး.၁ လုံး ၊ အီနာဂါဗုံးသီး ၁ လုံး သိမ်းဆည်းရမိတယ် ” လို့ ပြောပါတယ်။

အဲ့ဒီအပြင် နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့က တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အတွက် အချိန်မီ ဆေးရုံကိုပို့ဆောင်ပေးနိုင်တယ်လို့ သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။