Trending Now

မြစ်ကြီးနားမြို့၏ ဆိုင်ကယ်အရောင်းအဝယ် ဈေးကွက်တွင် တရုတ် 125 ဆိုင်ကယ် တစ်စီးလျှင် သိန်း ၂၀ ဝန်းကျင် အထိ ဈေးမြင့်တက်လာ

Spread the love

မြစ်ကြီးနားမြို့၏ ဆိုင်ကယ်အရောင်းအဝယ် ဈေးကွက်တွင် တရုတ် 125 ဆိုင်ကယ် တစ်စီးလျှင် သိန်း ၂၀ ဝန်းကျင် အထိ ဈေးမြင့်တက်လာ

EPN
မြစ်ကြီးနား ၊ စက်တင်ဘာ ၁၂

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၏ ဆိုင်ကယ် အရောင်းအဝယ်ဈေးကွက်အတွင်း မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းပြီး တရုတ်ငွေဈေး မြင့်တက်လာမှုကြောင့် တရုတ်ထုတ် 125 ဆိုင်ကယ် ဈေးနှုန်းများမှာ သိန်း ၂၀ ဝန်းကျင်အထိ ဈေးမြင့်တက်လာကြောင်း မြစ်ကြီးနားမြို့ရှိ ဆိုင်ကယ်အရောင်းဆိုင်များမှ သိရသည်။

ယခင်က တရုတ်နိုင်ငံထုတ် ၁၂၅ ဆိုင်ကယ် တစ်စီးလျှင် ၆ သိန်း ဝန်းကျင်သာရှိခဲ့သော်လည်း လက်ရှိတွင် သိန်း ၂၀ ဝန်းကျင်အထိ မြင့်တက်လာသည့်အတွက် အရောင်းအဝယ်များမှာလည်း သိသိသာသာ နည်းပါးနေကြောင်း မြစ်ကြီးနားမြို့အတွင်းရှိ ဆိုင်ကယ်အရောင်းဆိုင်မှ သိရသည်။

“ကိုဗစ်မတိုင်ခင်က 125 တစ်စီးကို ၆ သိန်း ၇ သိန်း လောက်နဲ့ ဝယ်လို့ရတယ် ၊ အခုက ၂ ဆကျော် ၃ဆ လောက်ကို ဈေးနှုန်း မြင့်တက်နေတာကိုလည်း တွေ့မြင်နေရတယ်၊ အခုလို မြင့်တာလာရတာဟာဆိုရင် ကျပ်ငွေ တန်ဖိုးတွေက လျော့နည်းလာတာကြောင့်လဲ ဖြစ်တယ်၊ အရောင်းအဝယ်ပိုင်းမှာဆိုရင်လဲ အရင်နဲ့ မတူတော့ဘူး တော်တော်လေးကို အရောင်းအဝယ် အေးနေတာကိုတွေ့ရတယ်” ဟု ၎င်းကပြောသည်။

လက်ရှိကာလတွင် ဆိုင်ကယ်အရောင်း ဈေးနှုန်းများ မြင့်တက်လာသည့်အပြင် တစ်နေ့ထက်တစ်နေ့ပိုမိုမြင့်တက်လာနေသည့် စက်သုံးဆီဈေးများကြောင့် မြစ်ကြီးနား ဒေသခံများအနေဖြင့် ဂီယာ ဆိုင်ကယ်များအစား ဘက်ထရီဆိုင်ကယ်များကိုသာ ပြောင်းလဲအသုံးပြုလာကြကြောင်း ဆိုင်ကယ်အရောင်းဆိုင်အချို့မှ သိရသည်။

“အခုက စီးပွားရေတွေ ကျပ်တည်းတဲ့ကာလ ဖြစ်တာတစ်ကြောင်း၊ ဆိုင်ကယ်ဈေးကလဲ ၃ဆလောက်ထိ မြင့်တက်တယ်၊ ဆီဈေးကလဲ တစ်နေ့တစ်ခြား မြင့်လာတယ်၊ အဲ့တာကြောင့် ဂီယာဆိုင်ကယ် (125) တွေထပ် ဘက်ထရီဆိုင်ကယ်တွေပဲ ဝယ်ယူလာကြတာကိုတွေ့ရတယ်၊ ဒါကြောင့် အရောင်းဈေးကွက်တွေ အေးနေရတယ်လို့ သုံးသပ်မိပါတယ် “ဟု ၎င်းကပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အတွင်း ရောင်းချသည့် မော်တော်ဆိုင်ကယ်များကို တရုတ်ဘက်က အဓိက တင်သွင်းကြတာဖြစ်ပြီး ထိုင်းနှင့် အိန္တိယနိုင်ငံတွေဘက်ကလည်း အနည်းငယ် တင်သွင်းမှုရှိကြောင်း သိရသည်။
ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။